စားအုန်းဆီ တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၃၇၀၀ ဖြင့် ဖြန့်ဖြူးရောင်းချ

 

 

နေပြည်တော်   စက်တင်ဘာ    ၂၀


မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များ အသင်းအနေဖြင့်     စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်  ရည်ရွယ်၍ ယနေ့မှစတင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်    ဒေသအသီးသီးရှိ        လက်လီ/ လက်ကား ရောင်းချသူများသို့ စားအုန်းဆီ  တစ်ပိဿာလျှင်   လက်ကားဈေး     ငွေကျပ် (၃၇၀၀) နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက် ရှိရာ    စတင်ရောင်းချသည့်      ယနေ့တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ဘုရင့်နောင် ကုန်စည်ဒိုင်သို့       လာရောက်ဝယ်ယူသည့် ပမာဏမှာ   ပိဿာ   ၂၇၅,၀၀၀၊   တန်ချိန် ၄၅၀   ခန့်ဖြစ်ပြီး   ရန်ကုန်တိုင်းအတွင်းရှိ လက်လီဈေးများတွင်   ဖြန့်ဖြူးရောင်းချသူ များမှ စတင်ဝယ်ယူ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။
ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့ လည်း     ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊  စားအုန်းဆီများကို လက်ကား ဝယ်ယူရောင်းချသူများအနေဖြင့်   လက်လီ အရောင်းဆိုင်များတွင်   အသားတင်အကျိုး အမြတ်    (၂ ရာခိုင်နှုန်း)  ထက်   မပိုသည့် ဈေးနှုန်းဖြင့်     စားသုံးသူ    ပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး  ရောင်းချသွားရမည်ဖြစ် ကြောင်းနှင့်  ရန်ကုန်မြို့အတွင်းရှိ စားသုံးသူ များ   ပိုမိုအဆင်ပြေစေရေးအတွက်   အသင်း ၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကား များဖြင့် လှည့်လည်ရောင်းချပေးရန်လည်း စီစဉ်လျက်ရှိပြီး  စားသုံးသူ   ပြည်သူများသို့ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချပေး မည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အမှတ်   (ခ/၈၁-၈၂)   ကံ့ကော်လမ်းမကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်          ဖုန်းနံပါတ် ၀၉၄၄၄၄၃၇၂၉၅၊    ၀၉၄၀၁၅၂၇၀၄၉    သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်