စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ကြေညာ

 

စားအုန်းဆီ တစ်ပိဿာလျှင် (အနိမ့်ဆုံး ၅၅၂၅ ကျပ်မှ အမြင့်ဆုံး ငွေကျပ် ၆၃၀၀) ဖြစ်

 

နေပြည်တော်  မတ်  ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း    ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး   ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး    စားအုန်းဆီ    အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို  နေ့စဉ်စောင့်ကြည့်ကာ  သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိရာ မတ် ၂၁ မှ ၂၈ ရက်အတွက် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ငွေကျပ် (၅၆၆၀ - ၆၃၇၅ ကျပ်) ထုတ်ပြန်ထားရှိသည်။
ယခုအပတ်အတွင်း နိုင်ငံတကာတွင်ဖြစ်ပေါ်နေသည့် လက်ရှိ အခြေအနေများအရ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံ များတွင် စားအုန်းဆီဈေးနှုန်းများ ကျဆင်းလာပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများအပေါ်အခြေခံ၍ တွက်ချက်မှုအရ မတ် ၂၈ ရက်မှ ဧပြီ ၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာလျှင် ၇၅ ကျပ် ခန့် လျော့နည်းခဲ့ပြီး  စားအုန်းဆီ တစ်ပိဿာလျှင် (အနိမ့်ဆုံး ၅၅၂၅ ကျပ်မှ အမြင့်ဆုံး ငွေကျပ် ၆၃၀၀) ဖြစ်ကြောင်း  ထုတ်ပြန်ကြေညာ ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူ ရေးရာဦးစီးဌာန၏ Website: www.doca.gov.mmနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ 
သတင်းစဉ်