စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ကြေညာ

 

နေပြည်တော်   မတ်   ၆


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊       စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း  လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း   ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်   ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ် နေသည့် FOB ဈေးနှုန်းများကို   နေ့စဉ်စောင့်ကြည့်ကာ   သယ်ယူ ပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊  အခွန်အခများ ထည့် သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရ မည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန် ပေးလျက်ရှိသည်။

 


နိုင်ငံတကာတွင်ဖြစ်ပေါ်နေသည့်  လက်ရှိအခြေအနေများအရ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်  နိုင်ငံများတွင် စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများအပေါ်အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂ ခုနှစ်၊ မတ် ၇ ရက်မှ ၁၃ ရက်အထိ ရန်ကုန်အထိုင်ဈေး   အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် (အနိမ့်ဆုံးငွေကျပ် ၅၉၄၀ မှ အမြင့်ဆုံး ၆၅၇၅ ကျပ်) ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ထားသည်။

 


အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူ ရေးရာဦးစီးဌာန၏ Website: www.doca.gov.mm နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်း၏   Facebook  Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။        

သတင်းစဉ်