ဗုံးအန္တရာယ်ခြိမ်းခြောက်မှုများကြောင့် ပြင်သစ်နိုင်ငံလေဆိပ်များတွင် ဘေးလွတ်ရာရွှေ့ပြောင်းမှုများပြုလုပ်

 

ပါရီ   အောက်တိုဘာ   ၁၈


ပြီးခဲ့သည့်       သောကြာနေ့က ပြင်သစ်နိုင်ငံ စာသင်ကျောင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား ပြီးနောက်  လိုင်လီ၊   လီယွန်နှင့် တလူ့စ် လေဆိပ်များတွင်  ဗုံးထားရှိ သည်ဟူသော       ခြိမ်းခြောက်မှုများ အောက်တိုဘာ  ၁၈ ရက် လက်ခံ ရရှိခဲ့သည်။ 


ထို့နောက်    ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရသည် ဟု ဘီအက်ဖ်အမ်တီဗွီတွင်  ဖော်ပြ ထားသည်။    နိုက်စ်လေဆိပ်တွင် လည်း  အလားတူခြိမ်းခြောက်မှု မျိုးရရှိခဲ့သည်။ Terminal 1 တွင် ကျန်ရစ်ခဲ့သည့် ခရီးဆောင်အိတ် တစ်လုံးဖြစ်ကာ   အဆိုပါအိတ်ကို ဖယ်ရှားလိုက်ပြီး     ဖြစ်သည်ဟု ဘီအက်ဖ်အမ်တီဗွီတွင်    ဖော်ပြ ထားသည်။ 


ပြီးခဲ့သည့်    သောကြာနေ့က လည်း  ပြင်သစ်နိုင်ငံမြောက်ပိုင်းစာသင်ကျောင်းတစ်ကျောင်းတွင်  ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဆရာ တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့သည်။      တိုက်ခိုက်သူကို လည်း   ချက်ချင်းဖမ်းမိခဲ့သည်။ အောက်တိုဘာ ၁၇ရက်က ပြုလုပ် ခဲ့သည့်    သတင်းစာရှင်းလင်းပွဲ တွင်       အဆိုပါတိုက်ခိုက်သူမှာ အိုင်အက်စ်အဖွဲ့ကို  သစ္စာခံထား ကြောင်း ၎င်း၏ဖုန်းအတွင်း အသံ ဖိုင်တွင် တွေ့ရှိခဲ့သည်ဟု ပြင်သစ် အကြမ်းဖက်တိုက်ဖျက်ရေးရှေ့နေ ယန်း-ဖရန်ကော့စ်က ပြောသည်။


ဆင်ဟွာ