
နေပြည်တော် အောက်တိုဘာ ၁၉
ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း ကြီး (YMBA)ရုံးခန်း ဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော် မြောက်ဘက် မုခ်ရှိ YMBA ဓမ္မာရုံ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် YMBA အသင်းဥက္ကဋ္ဌတို့က YMBA ရုံးခန်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။
ထို့နောက် အလှူငွေပေးအပ် ပွဲကို ဆက်လက်ပြုလုပ်ရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင်များက လှူဒါန်းသော အလှူငွေများကို ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်း သည့် အလှူငွေကျပ် ၂၅ သိန်းကို တာဝန်ရှိသူတစ်ဦးက ပေးအပ် လှူဒါန်းရာ YMBA အသင်း ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။ သတင်းစဉ်