
ရန်ကုန် ဧပြီ ၇
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ကြီး(ဗဟို)က မြန်မာပြည်တစ်ဝန်း ၃၈ ဖြာ မင်္ဂလာတရား အစဉ် ပြန့်ပွားရေးအတွက် နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးထံမှ သြဝါဒခံယူ ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန် မြို့ ရွှေတိဂုံဘုရား ရာဟုထောင့်ရှိ Y M B A အသင်းရုံး၌ ကျင်းပ သည်။
သြဝါဒခံယူပွဲသို့ Y M B A အသင်းဥက္ကဋ္ဌ ဦးရဲထွန်း၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါက်တာအောင်မင်းကျော်သူ၊ အလုပ်အမှုဆောင်များ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် Y M B A အသင်း ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာ အောင်မင်းကျော်သူက မြန်မာပြည်တစ်ဝန်းလုံးရှိ ဗုဒ္ဓ ဘာသာဝင်အပေါင်း ၃၈ ဖြာ မင်္ဂလာတရားတော်များနှင့်အညီ ကျင့်ကြံလိုက်နာ နိုင်ကြစေရေး နွေ ရာသီ ယဉ်ကျေးလိမ္မာသင်တန်း များ၊ ၃၈ ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင် စာမေးပွဲများ ကျင်းပနိုင်ရေး ဆရာတော်ကြီးမှ သြဝါဒ ချီးမြှင့်ပေးတော်မူပါရန် လျှောက်ထား ရာ ဗန်းမော်ဆရာတော်ကြီးက မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြကုန်သော မြန်မာ နိုင်ငံသူ နိုင်ငံသား ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ၃၈ ဖြာ မင်္ဂလာ တရားတော်နှင့်အညီ မြန်မာ ပြည်သူပြည်သားအပေါင်း နေထိုင် ကျင့်ကြံအားထုတ်ကြပါက ဒေါသ၊ မောဟ၊ မာန်မာနများ ကင်းစင် ပပျောက်ကာ အနာရောဂါ ကင်းဝေးပြီး အေးချမ်းတည်ငြိမ် သော ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးသည် ကမ္ဘာ့ အလယ်တွင် ဝင့်ထည်စွာတည်ရှိနေမည်မှာ မလွဲဧကန်ဖြစ်လိမ့်မည် ဖြစ်ကြောင်း သြဝါဒပေးပြီး နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းများ၊ ၃၈ ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲ များ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း ၍ လိုအပ်သည်များ လမ်းညွှန် မိန့်ကြားသည်။
ယင်းနောက် အခမ်းအနား သို့ တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်