
နေပြည်တော် မေ ၁၄
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)က ကျင်းပသော မင်္ဂလာ ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ တိပိဋကာလင်္ကာရ ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ရန်ကုန် တိုင်းဒေသကြီး သာကေတမြို့နယ် တိပိဋကာလင်္ကာရ ပရိယတ္တိ စာသင်တိုက် ဆရာတော် တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဦးသောင်းဝင်း က ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခြင်းနှင့် ပတ်သက်၍ လျှောက်ထားတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သော အဂ္ဂ မဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ကျောက်တန်း မြို့နယ် ကန်ပြောင်းအရှေ့ကျောင်း တိုက် ဆရာတော် နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တသုန္ဒရ ထံသို့ လည်းကောင်း၊ တိုင်းမှူးက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ နယ် ထန်းပင်ကျောင်း ပရိယတ္တိ စာသင်တိုက် ဆရာတော် နိုင်ငံ တော် ဩဝါဒါစရိယ ဘဒ္ဒန္တဝေပုလ္လ ထံသို့လည်းကောင်း ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းက ရန်ကုန် တိုင်းဒေသကြီး သာကေတမြို့နယ် တိပိဋကာလင်္ကာရ ပရိယတ္တိ စာသင်တိုက် ဆရာတော် တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂသာမိ ထံသို့ လည်းကောင်း အသီးသီးဆက်ကပ် လှူဒါန်းကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်