ဗုဒ္ဓဘာသာကလျာဏယုဝအသင်း Y M B A (ဗဟို)က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

 

၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၈) ရက်၊
၂၀၂၂ - ခုနှစ်၊ မတ်လ (၂၄) ရက်

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က မြန်မာ့တပ်မတော်အနေဖြင့်   ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို  ကျူးလွန်သည့် ရာဇဝတ်မှုများကို   ကျူးလွန်ခဲ့ကြောင်းကို ၂၀၂၂ -ခုနှစ်၊ မတ်လ  (၂၁) ရက်နေ့တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ  ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်၌  ပြောဆိုခဲ့ခြင်းသည် လွန်စွာ မှားယွင်း‌သော ပြောဆိုချက်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာစာချုပ် နှင့် ကုလသမဂ္ဂ၏ ပဋိညာဉ်အောက်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၏ စာချုပ်အဖွဲ့ဝင်  နိုင်ငံတစ်နိုင်ငံ အဖြစ် သက်ဆိုင်ရာကတိကဝတ်များကို အပြည့်အဝလေးစားလိုက်နာလျက်ရှိပြီး စွပ်စွဲချက်နှင့် ပတ်သက် ၍ မည်သည့်အခါမှ ကျူးလွန်ခြင်းမရှိခဲ့ပါ၊ ယခင်ကလည်း  မပြုလုပ်ခဲ့ပါ၊    နောင်ကိုလည်း  ပြုလုပ်မည် မဟုတ်ပါ၊  ယခုကဲ့သို့   တစ်ဖက်သတ် မှားယွင်းစွာ စွပ်စွဲပြောဆိုခြင်းအား  ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး Y M B A (ဗဟို)က ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ကြေညာအပ်ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း
 Y M B A (ဗဟို)