
နေပြည်တော် ဇွန် ၆
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၅ ရက် ညနေ ၆ နာရီ ၄၅ မိနစ် တွင် ဗန်းမော်မြို့နယ် မံရွတ် ကျေးရွာအုပ်စု မံရွတ်ကျေးရွာ တံတားအနီး ဗန်းမော်-မံစီသွား ကားလမ်းတွင် လအောင် မောင်း နှင်ပြီး ဒေါင်ဟောင်း လိုက်ပါ လာသည့် တိုယိုတာ လင်ခရူဆာ အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၆၄ ကီလိုနှင့် ငွေကျပ် ခုနစ်သိန်းတို့ကို လည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် တွင် နမ့်ခမ်းမြို့နယ် စယ်ဟိုင်း ကျေးရွာအုပ်စု ကုန်းဆာကျေးရွာ အနီး မူဆယ်-နမ့်ခမ်းသွား ကား လမ်းတွင် ဘရန်နူး မောင်းနှင် လာသော ဆိုင်ကယ်နှင့် မာဂမ် မောင်းနှင်ပြီး မမွန်းထန် လိုက်ပါ လာသည့်ဆိုင်ကယ်တို့ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၉၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေး ပြား ၄၀၀၀ တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။ ရဲပြန်ကြား