
ဗန်းမော် ဩဂုတ် ၁၃
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၌ တောင်သူလယ်သမားများ အား လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာသုံးစက်ကိရိယာ များ ပိုမိုသုံးစွဲလာနိုင်ရေးနှင့် ကျွမ်းကျင်စွာအသုံးချနိုင်ရေး အတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ယမန်နေ့က စက်မှု လယ်ယာဦးစီးဌာန အမှတ်(၉၀) စက်မှုလယ်ယာစခန်း၌ သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ဗန်းမော်ခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းသောင်းက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး စက်မှုလယ်ယာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဗန်းမော်မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူမှ သင်တန်းသား ၃၀ တက်ရောက်သင်ယူကြပြီး ဩဂုတ် ၈ ရက်မှ ၁၉ ရက်အထိ ထွန်စက်ကြီးနှင့် ထွန်ယက် ကိရိယာ ဘာသာရပ်၊ လက်တွန်းထွန်စက် ဘာသာရပ်၊ လယ်ယာ သုံး စက်ကိရိယာများ ဘာသာရပ်၊ စက်မှုလယ်ယာစနစ်တကျ လယ်ယာမြေဖော်ထုတ်ခြင်း၊ ထွန်စက်နှင့် ထွန်ယက်ကိရိယာ ထိန်းသိမ်းမှုစသည့် လယ်ယာသုံးစက် ကိရိယာမောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်းကို စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ဗန်းမော်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးမျိုးမင်းထွန်းထံမှ သိရသည်။
ဗန်းမော်(ပြန်/ဆက်)