
ဗန်းမော် ဧပြီ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများ သည် ယမန်နေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဗန်းမော်မြို့ သီရိမင်္ဂလာ ကန်ဦးပရိယတ္တိစာသင်တိုက် ရှိ စာသင်၊ စာချ သံဃာတော်များအတွက် ဆွမ်းဆန် တော်၊ ဆီနှင့် ကုလားပဲများအပြင် ဆွမ်းဝေယျာဝစ္စ အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တ လောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်−၁၉ ကပ်ရောဂါ ကြောင့် သံဃာတော်၊ သီလရှင်များအား ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် စာသင်တိုက်များသို့ ဆွမ်းဆန်တော် ၊ ဆီနှင့် ကုလားပဲများကို ဆက်ကပ် လှူဒါန်းပေးလျက်ရှိကြောင်း ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)