ဗလငါးတန်နှင့် ပြည့်စုံသော နည်းပညာရှင်များမွေးထုတ်ပေး

 

နေပြည်တော်   စက်တင်ဘာ  ၂


နိုင်ငံ့စီးပွားမြှင့်တင်ရေး   MSME လုပ်ငန်းများမှ တန်ဖိုးမြှင့်ပို့ကုန် ကဏ္ဍဖွံ့ဖြိုးအောင်    အထောက် အကူပြုနိုင်မည့်  ကျွမ်းကျင်ပညာ ရှင်များကို စဉ်ဆက်မပြတ်မွေးထုတ်  သွားရန်၊    ယင်းသို့ဆောင်ရွက် ရာတွင် အနာဂတ် နိုင်ငံ့တာဝန်ကို ပခုံးပြောင်း     ထမ်းဆောင်ကြ မည့်  ကျောင်းသားလူငယ်များကို နည်းပညာအရည်အသွေး ပြည့်ဝရုံ အပြင် ဗလငါးတန်နှင့်  ပြည့်စုံစေ ကာ  ရိုးရာယဉ်ကျေးမှုဓလေ့များ ကို     မြတ်နိုးထိန်းသိမ်းတတ် သော၊   ကျင့်ဝတ်စည်းကမ်းများကို လေးစားလိုက်နာတတ်သော နိုင်ငံ့  သားကောင်းများ ဖြစ်ရေးအတွက် ပျိုးထောင်  လေ့ကျင့်ပေးသွားရန်၊ စပါးခွံလောင်စာသုံး    Gasifier အပါအဝင် ပြန်ပြည့်မြဲစွမ်းအင်နှင့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ လေ့ကျင့် သင်ကြားပေးမှုများကို ဖြည့်ဆည်း ဆောင်ရွက်ရန်၊  ဒေသလိုအပ်ချက် နှင့် ကိုက်ညီ၍ လူတိုင်းလက်လှမ်း မီကာ ဘဝအာမခံချက်ခိုင်မာစေ သော ကာလတိုသင်တန်းများကို ပုံမှန်ဖွင့်လှစ်၍    သင်တန်းဆင်း လူငယ်များ  ဘဝအဆင့်မြင့်မား လာမှုများကို   သင်တန်းသားသစ် များ စံပြုအတုယူနိုင်ရေး    သုံးသပ် ပြုစုထားရန်၊    ဆရာများသည် အရည်အသွေး     မြင့်မားရေးနှင့် လုပ်ငန်းများ     အမှန်တကယ် တိုးတက်မှုရှိရေး   အစဉ်အလေး ပေး ဆောင်ရွက်သွားရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး  ဒေါက်တာအောင်ဇေယျ က ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ   နည်းပညာ၊  သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကျောင်းများ၌ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား   တိုက်တွန်း ပြောကြားသည်။


နံနက်ပိုင်း၌   ဒုတိယဝန်ကြီး သည် အစိုးရနည်းပညာ အထက် တန်းကျောင်း (နေပြည်တော်)တွင် ပင်မ သုံးထပ်ဆောင်သစ်  ဆောက် လုပ်ပြီးစီးကာ  စာသင်ခန်းများ ပြင်ဆင်ထားရှိမှု၊ အလုပ်ရုံများ၌ သင်ထောက်ကူ   ပစ္စည်းများနှင့် Outdoor Fitness Equipment များ     တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင်    ဒုတိယ ဝန်ကြီးသည် အစိုးရစက်မှုလက်မှု သိပ္ပံ (နေပြည်တော်)၌ စာသင်ခန်း နှင့် ကွန်ပျူတာခန်းများ ပြင်ဆင် ထားရှိမှုနှင့်     အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားသည်။ ဆက်လက် ၍  ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်  ကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ   မိုးရာသီမေဂျာ ပေါင်းစုံ   ဖူဆယ်ဘောလုံးပြိုင်ပွဲ တတိယလုပွဲနှင့်     ဗိုလ်လုပွဲတို့ ကို    ကြည့်ရှုအားပေးပြီးနောက်  မိုးရာသီ  စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊    ပိုက် ကျော်ခြင်းပြိုင်ပွဲ၊   ဘော်လီဘော ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ တို့တွင် အနိုင်ရရှိသည့်အသင်းများ မှ ကျောင်းသားများအား ဂုဏ်ပြု ဆုများကို   ချီးမြှင့်ခဲ့ကြောင်း  သိရ သည်။       

            
သတင်းစဉ်