ဗလမင်းထင်တံတားအမှတ်(၂) ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်   အောက်တိုဘာ    ၁၆


ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်  ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်မည့် ဗလမင်းထင်တံတားအမှတ်(၂) ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြစ်ကြီးနားမြို့ စီတာပူဘက်ကမ်းရှိ တံတား တည်ဆောက်ရေးစီမံကိန်းဧရိယာအတွင်း၌ ကိုဗစ်-၁၉ ညွှန်ကြားချက် နှင့်အညီ ကျင်းပသည်။

 

အစီအစဉ်အရ မင်္ဂလာအချိန် တွင်  သတ်မှတ်ပန္နက်နေရာများ ၌ တာဝန်ရှိသူများက  ပန္နက်များ တင်ပေးပြီး    အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ဗလမင်းထင် တံတားအမှတ်(၂)M2-M3 ပိုင်တိုင် အမှတ်(၁)ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊      ကချင်ပြည်နယ် ဝန်ကြီးချုပ်       ဦးခက်ထိန်နန် နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး တို့က   Vibro    Hammer ဖြင့် စက်ခလုတ်နှိပ်    ရိုက်သွင်းပေးပြီး (ယာပုံ)   အမွှေးနံ့သာရည်များ    ပက်ဖျန်းပေးကြသည်။

 


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဗလမင်းထင် တံတားအမှတ် (၂)  အသစ် တည် ဆောက်မည့် တံတားပုံစံငယ်ကို ကြည့်ရှုစစ်ဆေးသည်။
ယနေ့   ပန္နက်တင်ပေးသည့် ဗလမင်းထင်တံတား   အမှတ်(၂)သည် ကချင်ပြည်နယ်   မြစ်ကြီး နားခရိုင်    မြစ်ကြီးနားမြို့တွင် တည်ရှိပြီး     ဧရာဝတီမြစ်ကို ဖြတ်ကျော် တည်ဆောက်ထား ကာ  စုစုပေါင်း   တံတားအရှည် ၃၂၁၂  ပေ၊     ယာဉ်သွားလမ်း အကျယ် ၂၇  ပေ ၁၀  လက်မ၊ လူသွားလမ်းတစ်ဖက်လျှင် သုံးပေ လေးလက်မစီပါရှိပြီး     တံတား အမျိုးအစားမှာ အပေါ်ထည် Steel Box Girder and   RCC  Slab ဖြစ်ပြီး တံတားကိုယ်ထည် သံကူ ကွန်ကရစ် ရေလယ်တိုင်နှင့် သံကူ ကွန်ကရစ်ကမ်းကပ်ခုံ၊  အုတ်မြစ် ကို 1.2 mØ နှင့် 1.5 mØ Bored Pile တို့ဖြင့်  တည်ဆောက်ထား ပြီး   တံတားအောက်     ရေလမ်း ကင်းလွတ် အကျယ်ပေ   ၃၅၀၊ အမြင့် ၂၆ ပေနှင့် တံတား၏ ခံနိုင် ဝန်မှာ AASHTO HL 93 ဖြစ်သည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည်   ကချင်ပြည်နယ် ဝန်ကြီးချုပ်     ဦးခက်ထိန်နန်၊  ကချင်ပြည်နယ်       ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်   တွေ့ဆုံပြီး    ကချင်ပြည်နယ် အတွင်းရှိ   လမ်း၊    တံတားများ   ဖွံ့ဖြိုးတိုးတက်ရေး၊    စီမံကိန်း လုပ်ငန်းများ   အရှိန်အဟုန်ဖြင့် ဆက်လက်အကောင် အထည်ဖော်  ဆောင်ရွက်ရေး၊      ဒေသဖွံ့ဖြိုး တိုးတက်ရေး၊   ကချင်ပြည်နယ် အတွင်းရှိ   ကျေးလက်လမ်းများ အမျိုးအစားခွဲ၍ ဦးစားပေးအလိုက်   ဆောင်ရွက်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်မည့်  လုပ်ငန်းစဉ်များ နှင့်   စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။                

 

သတင်းစဉ်