ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ “အောင်ဆန်း”ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ “အောင်ဆန်း”ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ==================================================================== နေပြည်တော် ဒီဇင်ဘာ ၁၁ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ တက်ရောက် အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆပ်ကော်မတီ များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလင်္ကာကျော်စွာ အကယ်ဒမီပန်းချီ ဦးစိုးမိုး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်၊ အောင်ဆန်းရုပ်ရှင်ဇာတ်ကား ဒါရိုက်တာ ဦးလူမင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ လုပ်ငန်းအဖွဲ့ငယ်ခေါင်းဆောင်များ၊ မြန်မာ့ သမိုင်းပညာရှင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ဆွေးနွေးကြသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ယခုဆိုလျှင် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုအားလုံး၏ ၉၀ ရာခိုင်နှုန်းကို ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကစ၍ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းအဖြစ် ပြန်လည်ခေါင်းထောင် လာသည့်အတွက် ရိုက်ကူးရေးလုပ်ငန်းများကို ခေတ္တရပ်နား ထားခဲ့ရပြီး ရောဂါဖြစ်ပွားမှု ရပ်တန့်သွားချိန်တွင် ပြန်လည် ရိုက်ကူးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း ကို သိခွင့်ရသည့်အတွက် အထူးပင်ကျေးဇူးတင်ဝမ်းမြောက် မိပါကြောင်း၊ ထို့အပြင် ရုပ်ရှင်ရိုက်ကူးရေးကိစ္စရပ်များ ခေတ္တရပ်နားထားချိန်တွင် Red Radiance Co.,Ltd. မှ Computer နည်းပညာရှင်များဖြင့် လိုအပ်သော တည်းဖြတ် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ 3D Graphic များ၊ Animation Effect များ ဖန်တီးဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း။ ရုပ်ရှင်ဇာတ်ကားကြီး ပီပီပြင်ပြင် ရိုက်ကူးနိုင်ရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာနက လက်နက်နှင့် ဆက်စပ် ပစ္စည်းများ ကူညီပံ့ပိုးပေးခြင်း၊ လက်နက်များအတွက် လုံခြုံရေးဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် တပ်မတော်သား အင်အား ၂၅၀ အား ရိုက်ကူး ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ကာကွယ် ရေးဝန်ကြီးဌာနပိုင် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ခြံအမှတ် (၈၀)၊ ခြံအမှတ် (၁၂၀)တို့တွင်လည်းကောင်း၊ တပ်မတော် စစ်သမိုင်းပြတိုက်၊ အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့် ရေးကျောင်း(မိုးစွေ)တို့တွင်လည်းကောင်း၊ ရိုက်ကူးခွင့် ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်း ပံ့ပိုးကူညီပေး ခဲ့ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ဗဟန်း မြို့နယ် ရွှေတောင်ကြားလမ်းတွင်ရှိသည့် “အနုပညာ ရပ်ဝန်း” အတွင်းတွင် ရိုက်ကူးခွင့်ရရှိရေးအတွက် ပံ့ပိုးကူညီ ပေးခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အပါအဝင် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့များကလည်း ရိုက်ကူးရေးအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးခဲ့သည့်အတွက် အထူးပင် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားသည်။ ယင်းနောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း က ယခုအခါ ရုပ်ရှင်ရိုက်ကူးမှုရက်ပေါင်း ၁၁၅ ရက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ရိုက်ကူးရေး လုပ်ငန်းများ ရပ်ဆိုင်းထားရသည့်အတွက် ရိုက်ကူးပြီးစီး သော ဇာတ်လမ်းအခန်းစဉ်များထဲမှ Computer နည်းပညာ အသုံးပြုရမည့် ဇာတ်ဝင်ခန်းများအတွက် ရုပ်ရှင်ဆိုင်ရာ Computer အထူးပြုလုပ်ချက်နည်းပညာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ် ကျင်းပ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် လည်းကောင်း၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် လည်း အပြန်အလှန်ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ကြောင့်လည်းကောင်း အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီး သည် အများပြည်သူများ မျှော်လင့်ထားသကဲ့သို့ အရည် အသွေးပြည့်မီသော ရုပ်ရှင်ဇာတ်ကား တစ်ကားအဖြစ် ပေါ်ထွက်လာမည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း ပြောကြားသည်။ ညှိနှိုင်းဆွေးနွေး ထို့နောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အလင်္ကာကျော်စွာ အကယ်ဒမီပန်းချီဦးစိုးမိုး၊ ဒါရိုက်တာဦးလူမင်းနှင့် သမိုင်း ပညာရှင်များ၊ Red Radiance Co., Ltd. မှ Computer ပညာရှင်များ၊ ဝတ်စုံဒီဇိုင်းပညာရှင်များက “အောင်ဆန်း ရုပ်ရှင်” ရိုက်ကူးပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ် များကို အကြံပြုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ နိဂုံးချုပ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက အောင်ဆန်းရုပ်ရှင်အား Press Show မပြမီ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သမိုင်းပညာ ရှင်များ၊ တတ်သိပညာရှင်များအား ဖိတ်ကြားပြီး Tri Show ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည် များကို မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်