
ကမ္ဘောဒီးယား မေ ၅
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံရှိ မြို့ကြီး ငါးမြို့တွင် ကျင်းပလျက်ရှိရာ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (C)၌ ကျင်းပသည့် ဗိုဗီနမ် (ခွန်ဘိုကာတာ)အားကစားနည်း(အမျိုးသား/အမျိုး သမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲ၊ ဝါးညှပ်အက ပြိုင်ပွဲ၊ လက်သိုင်းအပြပြိုင်ပွဲတို့တွင် မြန်မာအားကစား အဖွဲ့မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြပြီး (အမျိုးသမီး)အခြေခံပြကွက်(လက်)ပြိုင်ပွဲတွင် မနီလာစိုးဦးက မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ငွေတံဆိပ်ဆုကိုလည်းကောင်း၊ (အမျိုးသား)အခြေခံ ပြကွက်(လက်)ပြိုင်ပွဲတွင် မောင်လှိုင်ချစ်ဦးက မြန်မာ နိုင်ငံအတွက် ပထမဆုံး ကြေးတံဆိပ်ဆုကိုလည်း ကောင်း၊ (အမျိုးသမီး) ဝါးညှပ်အကပြိုင်ပွဲတွင် မမြတ်နိုးဝေက ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ (အမျိုးသား)လက်သိုင်းအပြပြိုင်ပွဲတွင် မောင်ခန့် လွန်းဇော်က ကြေးတံဆိပ်ဆုကိုလည်းကောင်း ဆွတ်ခူး ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၄ ရက်တွင် ကျင်းပရာ မြန်မာနိုင်ငံအတွက် ပထမ ဦးဆုံးငွေတံဆိပ်ဆုရရှိခဲ့သည့် မနီလာစိုးဦးကို မြန်မာ နိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလည်းကောင်း၊ အခြားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။
မြန်မာအားကစားသမား အနေဖြင့် မေ ၄ ရက်အထိ ငွေတံဆိပ် တစ်ခု၊ ကြေး သုံးခု စုစုပေါင်း ဆုတံဆိပ် လေးခု ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်