
လန်ဒန် ဒီဇင်ဘာ ၁၂
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် နိုင်ငံအတွင်းချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ အား ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ယမန်နှစ် ဒီဇင်ဘာ ၁၈ ရက်က ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်၏နေအိမ် တွင် ပါတီပွဲတစ်ခုအား ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာခြင်းမရှိဘဲ တရားမဝင်ကျင်းပခဲ့မှု နှင့်ပတ်သက်၍ ၎င်းအား လက်ရှိအချိန်၌ အဆက်မပြတ် ဝေဖန်မှုများရှိနေပြီး ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုမှု များရှိနေကြောင်း သိရသည်။
သို့ရာတွင် မိမိသည် အဆိုပါ ပါတီ ပွဲအား လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရေး စည်းမျဉ်းအပါအဝင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်း များနှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဂျွန်ဆင်က ပြောကြားခဲ့သည်။
သို့ရာတွင် ဝန်ကြီးချုပ်ဂျွန်ဆင်သည် အဆိုပါ ပါတီပွဲမကျင်းပမီ ၎င်း၏ဝန်ထမ်း များအတွက် လူခြောက်ဦး ပါဝင်သော အဖွဲ့လေးဖွဲ့ဖြင့် ညဏ်စမ်းပဟေဠိပြိုင်ပွဲ တစ်ခု ကျင်းပခဲ့ကြောင်း ဆန်းဒေးမိုင်ရာ သတင်းစာက ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ သည်။
ယမန်နှစ် အဆိုပါအချိန်က ဗြိတိန် နိုင်ငံအတွင်း ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် ပါတီပွဲများနှင့် အခမ်းအနားများအား ကျင်းပခွင့်ပိတ်ပင်ထားကြောင်း သိရ သည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - စိုးသူရ