
လန်ဒန် အောက်တိုဘာ ၂၁
သီတင်းပတ်ခြောက်ပတ်ကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်သည် အောက်တိုဘာ ၂၀ ရက်က ရာထူးမှနုတ်ထွက်ခဲ့သည်။ ထိုသို့နုတ်ထွက်ခဲ့သည့် အတွက် အင်္ဂလန်သမိုင်းတွင် သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။
ခေါင်းဆောင်ပိုင်းဆိုင်ရာ ရွေးကောက်တင်မြောက် ခြင်းကို ရှေ့သီတင်းပတ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် ၁၀ ဒေါင်းနင်းလမ်းအိမ်တော်အပြင်ဘက်တွင် ၎င်းက ပြောကြားလိုက်သည်။
ဝန်ကြီးချုပ်သစ် မရွေးချယ်ရသေးသမျှကာလ ပတ်လုံး အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
လစ်ဇ်ထရက်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာပြီးနောက် ယခင်ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဝန်ကြီးချုပ်အဖြစ် ပြန်လာ နိုင်ချေရှိကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ထရက်သည် အခွန်လျှော့ချဖြတ်တောက်ခြင်း ဖြင့် စီးပွားရေးတိုးတက်စေရန် မျှော်မှန်းခဲ့သည်။ ၎င်း၏ မူဝါဒများကို ပြောင်းပြန်လှန်ရန် ဖိအားပေး ခြင်းခံရပြီးနောက် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ် ချက်ချခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ ၊ အင်န်အိတ်ချ်ကေ