
လန်ဒန် ဇန်နဝါရီ ၂၉
ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်သည် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီယိုနှင့် တွေ့ဆုံဆွေးနွေးသွားရန် ဖေဖော်ဝါရီလလယ်ပိုင်း၌ ဂျပန်နိုင်ငံသို့လာရောက်ရန် အစီအစဉ်ရှိသည်ဟု သိရသည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေဖြင့် ဝန်ကြီးချုပ်ဖြစ်လာသည့်အချိန်မှစတင်ကာ ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် ဒုတိယအကြိမ် လူချင်းတွေ့ဆုံခြင်း ဖြစ်မည်ဖြစ်သည်။
ကိုဗစ် -၁၉ တိုက်ဖျက်ရေးနှင့် ကာဗွန်ကင်းစင်သည့်နယ်မြေတည်ထောင်ရေးအတွက် လိုအပ်သည့်အချက် များကို ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။ အင်န်အိတ်ချ်ကေ