
လန်ဒန် မတ် ၂၃
ဗြိတိန်ဝေလမင်းသမီး ကက်သရင်းသည် ကင်ဆာရောဂါကုသမှု ခံယူနေကြောင်း ဗီဒီယိုဖြင့် သတင်းစကားပါးခဲ့သည်။ ဗြိတိန်တော်ဝင်မိသားစုက ဝေလ မင်းသား ဝီလီယံ၏ဇနီးဖြစ်သူ ကက် သရင်း၏ ဗီဒီယိုကို မတ် ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါဗီဒီယိုတွင် ဝေလမင်းသမီး က ၎င်းသည် ဇန်နဝါရီလအတွင်း လန်ဒန် မြို့တွင် ဝမ်းဗိုက်ပိုင်း ခွဲစိတ်ကုသမှုခံယူ ခဲ့ကြောင်း ၎င်း၏အခြေအနေမှာ ကင်ဆာဟု ယူဆဖွယ်ရှိကြောင်း ဖော်ပြ ခဲ့သည်။ သို့သော်လည်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကင်ဆာဖြစ်ပွားနေ ကြောင်း တွေ့ရှိခဲ့သည်ဟု ၎င်းကပြော သည်။ ၎င်း၏အခြေအနေနှင့်ပတ်သက် ၍ အသေးစိတ်ပြောကြားခဲ့ခြင်း မရှိချေ။ ၎င်း၏ဆေးဘက်ဆိုင်ရာအဖွဲ့က ၎င်းကို ကာကွယ်ဓာတုကုထုံးတစ်ခု ခံယူရန် အကြံပေးခဲ့ပြီး ယခုအချိန်မှာ ထိုကုသမှု ၏ ကနဦးအဆင့်ဖြစ်ကြောင်း ပြောသည်။
၎င်းသည် စိတ်၊ ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် ဦးတည်ထားပြီး နေ့တိုင်းပို၍ သန်မာလာသည်ဟု ပြောသည်။ ယခု ၎င်းတို့မိသားစု လိုအပ်နေသည်မှာ ၎င်း၏ကုသမှု ပြီးမြောက်သည့်အချိန် အထိ အချိန်၊ နေရာနှင့် ကိုယ်ပိုင်သီးသန့် အချိန်ပင်ဖြစ်သည်ဟု ၎င်းကဆက်ပြော သည်။ ထို့ပြင် ကင်ဆာရောဂါ ခံစားနေ ရသည့် အခြားသောသူများကိုလည်း အားပေးစကား ပြောကြားခဲ့သည်။
ကင်ဆာရောဂါ ခံစားနေရသူတိုင်း မျှော်လင့်ချက်များ လက်မလျှော့ရန် ၎င်းက အားပေးခဲ့သည်။ အသက် ၄၂ နှစ် အရွယ် ဝေလမင်းသမီးမှာ ဗြိတိန် ပြည်သူများကြားတွင် နာမည်ကြီး ရေပန်းစားသူလည်း ဖြစ်သည်။ ဇန်န ဝါရီလအတွင်း ခွဲစိတ်မှုခံယူပြီးသည့် အချိန်မှစတင်ကာ တရားဝင် အခမ်း အနားများတွင် ၎င်းကို မမြင်တွေ့ရ တော့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ