ဗြိတိန်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၇၅၇၈ ဦး စံချိန်တင်တွေ့ရှိ

လန်ဒန်  စက်တင်ဘာ  ၅ 
ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၇၅၇၈ ဦးစံချိန်တင်တွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌   ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၆၉၄၁၆၁၁ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၂၀ သေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၃၃၁၆၁ ဦးရှိလာသည်။ 

ကျန်းမာလာသူပေါင်း ၅၅၈၆၄၉၁ ဦး


လက်ရှိအချိန်အထိ ရောဂါမှ ပြန်လည်ကျန်းမာ လာသူပေါင်း ၅၅၈၆၄၉၁ ဦးရှိသည်။ 
ဗြိတိန်  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး အာဏာပိုင်အဖွဲ့က     အသက် ၁၂ နှစ်နှင့်  ၁၅ နှစ် အတွင်း ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးရန် ထောက်ခံခြင်းမပြုကြောင်း ကြေညာချက် ထွက်ပေါ် လာပြီးနောက် အဆိုပါဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံး မှုအရေအတွက်များ   မြင့်တက်လာခြင်းဖြစ်သည်။ Pfizer  ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပြီးနောက်  နှလုံးရောင်ရမ်းလာသည့် ဘေးထွက် ဆိုးကျိုးများဖြစ်ပေါ်လာမည်ကို   စိုးရိမ်သည့်အတွက်  ယင်းသို့    ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်ကြောင်း ကာကွယ်ဆေးအာဏာပိုင်အဖွဲ့က ဆိုသည်။ 


အသက် ၁၆ နှစ်နှင့်အထက်    ပြည်သူ ၈၈ ရာခိုင်နှုန်းကျော်သည်  ကာကွယ်ဆေးအနည်းဆုံး
တစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ပြီး ၈၀ ရာခိုင်နှုန်းနီးပါး သည်   ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံမှုခံယူပြီး
ဖြစ်သည်။ 
အရှိန်အဟုန်မြှင့် ဆောင်ရွက်ဗြိတိန်၊ တရုတ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန် နိုင်ငံများသည်   မူလအခြေအနေသို့  ပြန်လည် ရောက်ရှိရန် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ 


ကိုးကား- ဆင်ဟွာ၊ဘာသာပြန်- အောင်ကျော်ကျော်
n