
လန်ဒန် မ တ် ၁၈
အီရန်နိုင်ငံ၌ နှစ်ပေါင်းများစွာကြာအောင် ထိန်းသိမ်း ခံထားရသည့် ဗြိတိန်နိုင်ငံသားနှစ်ဦးမှာ ယခုအခါ ဗြိတိန်နိုင်ငံသို့ ပြန်လာနေပြီဟု သိရသည်။
ဗြိတိန်အစိုးက အီရန်ကို ပေးဆောင်စရာရှိ သည့် အကြွေးပေးဆောင်ပြီးနောက် ၎င်းတို့၏ လွတ်မြောက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဗြိတိန်-အီရန် နှစ်နိုင်ငံသား ခံယူထားသည့် နာဇာနင် ဇာဟာ ရီရက်ကလစ်ဖ်နှင့် အနူးရှက်အာရှောရီတို့မှာ ဗြိတိန်နိုင်ငံ လေတပ်အခြေစိုက်စခန်းသို့ မတ် ၁၇ ရက် နံနက်ပိုင်းက ရောက်ရှိခဲ့ကြသည်။
ဇာဟာရီ ရက်ကလစ်ဖ်မှာ ၂၀၁၆ ခုနှစ်က အီရန် နိုင်ငံတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အီရန်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အနူးရှက်အာရှောရီ မှာ ၂၀၁၇ ခုနှစ်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးစလုံးကို ထောင်ဒဏ် ချမှတ်ခဲ့သည်။
ဗြိတိန်အစိုးရကမူ ၎င်းတို့နှစ်ဦး ဖမ်းဆီးခံရခြင်း မှာ တရားမျှတမှုမရှိဟုဆိုကာ ချက်ချင်းပြန်လွှတ် ပေးရန် တောင်းဆိုခဲ့သည်။ ၁၉၇၀ ပြည့်နှစ်အလွန် နှစ်များက လက်မှတ်ရေးထိုးခဲ့သည့် လက်နက် သဘောတူညီမှုအရ ဗြိတိန်အစိုးရမှ ပေးဆောင်ရန် ရှိသည့် ငွေကြေးများကို ဖြေရှင်းပေးခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အာမီယာ အဗ္ဗ ဒူလာဟင်က ပြောသည်။
ပေါင်သန်း ၄၀၀ ခန့်ကို ပြန်လည်ပေးဆောင်ပြီး ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရုဇ်စ်က မတ် ၁၆ ရက်တွင် အောက်လွှတ်တော်သို့ ပြောကြားခဲ့သည်။ အီရန်အစိုးရနှင့် ဗြိတိန်အစိုးရတို့ ကမူ ငွေကြေးပြန်လည်ပေးဆောင်ခြင်းနှင့် အကျဉ်း သားနှစ်ဦးတို့ကို လွှတ်ပေးလိုက်ခြင်းတို့ကြား မည်သည့် ဆက်စပ်မှုမျှမရှိဟု ငြင်းဆိုထားကြသည်။
သို့သော်လည်း ဗြိတိန်အစိုးရက ငွေကြေးများ ပြန်လည်ပေးဆောင်ပြီးနောက် ၎င်းတို့နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာ များတွင် ဖော်ပြကြသည်။
အင်န်အိတ်ချ်ကေ