ဗြိတိန်ဒုတိယဝန်ကြီးချုပ် ဒိုမနစ်ရက်ဘ် ရာထူးမှနုတ်ထွက်

 

လန်ဒန်     ဧပြီ    ၂၂
ဗြိတိန် ဒုတိယဝန်ကြီးချုပ် ဒိုမနစ်ရက်ဘ် ရာထူးမှနုတ်ထွက်ကြောင်းကို ဧပြီ ၂၁ ရက်က ကြေညာခဲ့သည်။ လုပ်ဖော်ကိုင်ဖက်များကိုအနိုင်ကျင့်ခြင်းနှင့် နှိပ်စက်မှုများပြုလုပ်သည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင် ရပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ 
ဒိုမနစ်ရက်ဘ်သည်  ယခင်ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ လက်ထက်တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း  ဖြစ် သည်။ ၎င်းသည်  တရားရေးဝန်ကြီးအဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အဆိုပါတာဝန် များကိုထမ်းဆောင်စဉ် လုပ်ဖော်ကိုင်ဖက်များအပေါ် အသုံးမကျသူဟု    ခေါ်ဆိုမှုများနှင့်  နှုတ်အားဖြင့် အနိုင်ကျင့်ပြောဆိုမှုများ     ပြုလုပ်ထားသည်ဟု စွပ်စွဲထားသည်။ 
ဒိုမနစ်ကိုယ်တိုင်ကမူ    အဆိုပါစွပ်စွဲမှုများကို စုံစမ်းစစ်ဆေးမှုများ  ပြုလုပ်ပေးရန်  တောင်းဆိုခဲ့ သည်။   ရန်လိုသည့်အပြုအမူများ   ပြုလုပ်ခြင်းနှင့် အာဏာကို အလွဲသုံးခြင်း သို့မဟုတ် အနိုင်ကျင့်မှုများ ပြုလုပ်သည်ကို   တွေ့ရှိခဲ့ရကြောင်း စုံစမ်းစစ်ဆေး သူများက   ပြောသည်။    ဒိုမနစ်ရက်ဘ်မှာ   ဗြိတိန် ဝန်ကြီးချုပ် ရစ်ရှီဆူနက်နှင့် နိုင်ငံရေးအရ ရင်းနှီး သည့် မိတ်ဆွေလည်းဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ်ကလည်း ဒိုမနစ်၏ ရာထူး မှ နုတ်ထွက်ကြောင်းကို  ဝမ်းနည်းစွာဖြင့် လက်ခံခဲ့ ကြောင်း ပြောသည်။ အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်သူ အိုလီဗာဒေါက်ဒန်မှာ ဒုတိယဝန်ကြီး ချုပ်ဖြစ်လာမည်ဖြစ်ပြီး  အဲလက်စ်ချာ့သည် တရား ရေးဝန်ကြီး ဖြစ်လာမည်ဟု သိရသည်။ 
အင်န်အိတ်ချ်ကေ