ဗြိတိန်ဘုရင်ချားလ်၏ ပြင်သစ်နိုင်ငံခရီးစဉ် ပြန်လည်စတင်

 

လန်ဒန်  စက်တင်ဘာ  ၂၁


ဗြိတိန်ဘုရင်ချားလ်သည်  ပြင်သစ်နိုင်ငံသို့သုံးရက်ကြာ  ချစ်ကြည်ရေးခရီးစတင်ခဲ့ပြီး  ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့်တွေ့ဆုံကာ   နှစ်နိုင်ငံချစ်ကြည်ရေးကို   ပိုမိုထင်ရှားစေခဲ့သည်။ စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင်  ချားလ်ဘုရင်နှင့်   မိဖုရားကင်မီလာတို့အား  ပြင်သစ်သမ္မတ မက်ခရွန်နှင့်ဇနီးတို့က ကြိုဆိုခဲ့ကြသည်။


 ပြီးခဲ့သည့်  စက်တင်ဘာနှောင်းပိုင်း    ချားလ်  ဗြိတိန်ဘုရင်ဖြစ်လာပြီးသည့်    အချိန်မှစတင်ကာ  ပထမဦးဆုံးအကြိမ်အဖြစ်   တော်ဝင်ဇနီးမောင်နှံ တို့သည် ပြင်သစ်နိုင်ငံသို့  လာရောက်ခဲ့ခြင်းလည်း ဖြစ်သည်။  


ယခုခရီးစဉ်ကို ကနဦးက မတ်လတွင် စတင်ရန် စီစဉ်ခဲ့သော်လည်း  ပြင်သစ်သမ္မတ  မက်ခရွန်၏   ပင်စင်စနစ်  ပြုပြင်ပြောင်းလဲရေးအပေါ် ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့်    ဖြစ်ပေါ်နေသည့်အတွက်       ခရီးစဉ်ကိုရွှေ့ဆိုင်းခဲ့ရသည်။     ပြင်သစ်သမ္မတနှင့်     ချားလ်ဘုရင်တို့သည်   အယ်လီဇေနန်းတော်၌ တွေ့ဆုံ ခဲ့ကြသည်။ 


ထို့နောက်     ဗြိတိန်တော်ဝင်ဇနီးမောင်နှံကို တွေ့ရန်  လမ်းဘေးဝဲယာသို့  လာရောက်ကြသည့် ပြင်သစ်ပြည်သူများနှင့်  တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ 


ချားလ်ဘုရင်သည်    အမျိုးသားလွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး  ၂၀၁၉ ခုနှစ်က မီးလောင် ပျက်စီးခဲ့ပြီး   ပြန်လည်ပြုပြင်ထားသည့်   နော်တာ ဒိမ်း  ဘုရားရှိခိုးကျောင်းသို့လည်း  သွားရောက်မည် ဖြစ်သည်။


 ၂၀၂၀ ပြည့်နှစ် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက် ခဲ့ပြီးနောက်     ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုများ ကြောင့် အိမ်နီးချင်းနှစ်နိုင်ငံဆက်ဆံရေးမှာ  အေးစက် ခဲ့သည်။  


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အပါအဝင် လုံခြုံရေးနှင့်    ကာကွယ်ရေးကိစ္စများတွင် ပြင်သစ် နှင့်ဗြိတိန်တို့    အတူတကွ   လုပ်ဆောင်လျက်ရှိ ကြောင်း   ယခုချစ်ကြည်ရေးခရီးစဉ်က   မီးမောင်း ထိုးပြမည်ဟု    ဗြိတိန်တော်ဝင်အိမ်တော်က   ပြော သည်။                                    

အင်န်အိတ်ချ်ကေ