ဗြိတိန်အစိုးရနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြော

 

ဝါရှင်တန်   ဇူလိုင်   ၈ 


အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒင်က   ဗြိတိန် အစိုးရနှင့်   နီးကပ်စွာ  ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်     မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။  

 


ဗြိတိန်ဝန်ကြီးချုပ်   ဘောရစ်ဂျွန်ဆင် ရာထူးမှ    နုတ်ထွက်မည်ဟု    ကြေညာချက် ထုတ်ပြန်ပြီးနောက်   ဂျိုးဘိုင်ဒင်က   ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ 

 


ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ သည်    အရင်းနှီးဆုံးသော     မိတ်ဆွေများ ဖြစ်ကြောင်းနှင့်  မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ လူမျိုးများကြား အထူးတလည် တည်ရှိနေ‌သော ဆက်ဆံရေးကို   ပိုမိုခိုင်မာ အဓွန့်ရှည်အောင်      ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောသည်။ 

 


အမေရိကန်ပြည်ထောင်စုသည်  အရေး ကြီးသော ထိပ်တန်းကိစ္စရပ်များတွင် ဗြိတိန်နှင့် ကမ္ဘာတစ်ဝန်းရှိ    မဟာမိတ်နိုင်ငံများနှင့် ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဘိုင်ဒင်က ပြောသည်။ 


ဆင်ဟွာ