
ရန်ကုန် ဇန်နဝါရီ ၁၁
ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နှင့် အိုင်ယာလန်နိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံမည့် အစီအစဉ်ကို ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားကြောင်း သိရသည်။
ပြည်ပတွင် ရောက်ရှိနေထိုင်လျက် ရှိသည့် မြန်မာနိုင်ငံသားများ၏ ပြည်ပ တွင် နိုင်ငံခြားငွေဖြင့်ရရှိသည့် စုစုပေါင်း လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ် အောက် တိုဘာ ၁ ရက်မှစတင်ကာ ဝင်ငွေခွန် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း နှင့် ဝင်ငွေခွန်ထမ်းဆောင်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဗြိတိန်နိုင်ငံသို့ ရောက်ရှိအလုပ် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား များအနေဖြင့် မြန်မာနိုင်ငံနှင့် ဗြိတိန် နိုင်ငံတို့အကြားတွင် အခွန်နှစ်ထပ် ကျသင့်မှုမရှိစေရေး သဘောတူစာချုပ် (Double Taxation Agreement) အရ ဗြိတိန်နိုင်ငံတွင် ဝင်ငွေခွန်ထမ်းဆောင် ထားကြောင်း အထောက်အထား(P60)ပြသနိုင်ပါက ဝင်ငွေခွန်ထပ်မံပေးဆောင် ရန်မလိုအပ်ကြောင်း သံရုံး၏ ထုတ်ပြန် ချက်အရ သိရသည်။
သို့ရာတွင် ဝင်ငွေခွန် ပေးဆောင် ထားသည့် အထောက်အထားပြနိုင်ခြင်း မရှိပါကလည်းကောင်း၊ ဝင်ငွေခွန်ထမ်း ဆောင်ရမည့် လစာဝင်ငွေအောက် လျော့နည်းရရှိပါကလည်းကောင်း ရရှိ သည့် လစာ၏ နှစ်ရာခိုင်နှုန်းကို လစဉ် ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမည်ဖြစ် ကြောင်း သိရသည်။
ဆွီဒင်၊ ဒိန်းမတ်နှင့် အိုင်ယာလန် နိုင်ငံများတွင် ရောက်ရှိအလုပ်လုပ်ကိုင် လျက်ရှိကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း အလုပ်အကိုင် အမျိုး အစားအလိုက် နှစ်ရာခိုင်နှုန်းကို ဝင်ငွေခွန် အဖြစ် ပေးဆောင်ရမည်ဖြစ်ကာ ဆွီဒင်၊ ဒိန်းမတ်နှင့် အိုင်ယာလန်နိုင်ငံတို့တွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ ဝင်ငွေခွန်ပေးဆောင် ရန် လစာဝင်ငွေသတ်မှတ်ချက်မှာ ဆွီဒင် နိုင်ငံတွင် Highly-skilled worker မှာ SEK (Swedish Krona) 20000 ၊ Skilled Worker မှာ SEK 10000 ၊ Unskilled worker မှာ SEK 5000 ဖြစ်ကြောင်း၊ ဒိန်းမတ်နိုင်ငံတွင် Highly-skilled worker မှာ DEK (Danish Krone)10000၊ Skilled Worker မှာ DEK (Danish Krone) 5000 ၊ Unskilled worker မှာ DEK (Danish Krone) 2500 ဖြစ်ပြီး အိုင်ယာလန်တွင် Highly-skilled wor- kerမှာ ယူရို 2200 ၊ Skilled Worker မှာ ယူရို 1100 နှင့် Unskilled worker မှာ ယူရို 550 ဖြစ်ကြောင်း သိရသည်။
အလုပ်အမျိုးအစား သတ်မှတ်ရာ၌ Highly-skilled worker သတ်မှတ်ချက် တွင် အဆင့်မြင့် ကုမ္ပဏီဝန်ထမ်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျွမ်းကျင် ပညာစသည်တို့ ပါဝင်ပြီး Skilled worker သတ်မှတ်ချက်တွင် သူနာပြု၊ ယာဉ်မောင်း၊ စားဖိုမှူး၊ စားပွဲထိုး၊ အရောင်းဝန်ထမ်း စသည်တို့ ပါဝင်ကာ Unskilled worker သတ်မှတ်ချက်တွင် အိမ်ထောင်မှု အထောက်အပံ့၊ သန့်ရှင်းရေး စသည်တို့ ပါဝင်ကြောင်း သိရသည်။
သာမန်နိုင်ငံကူးလက်မှတ် သက်တမ်း တိုးခြင်း၊ ပျက်စီး/ ပျောက်ဆုံးခြင်း၊ နိုင်ငံ ကူးလက်မှတ် အသစ်လျှောက်ထား ခြင်း၊ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) လျှောက် ထားခြင်း စသည့်ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ဝင်ငွေခွန် ကင်းရှင်းကြောင်း အထောက်အထား ပြနိုင်မှသာ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။
မြန်မာသံရုံး၊ လန်ဒန်မြို့အနေဖြင့် အခွန်ထမ်းဆောင်သူများအား QR Code အမှတ်အသားပါ ‘‘အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်’’ ကို ထုတ် ပေးသွားမည်ဖြစ်ကြောင်း သိရကာ ဝင်ငွေခွန်ထမ်းဆောင်ရာတွင်၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ သတ်မှတ်နှုန်းအတိုင်း သုံးလ တစ်ကြိမ်၊ ခြောက်လတစ်ကြိမ် စသည်ဖြင့် မိမိ ထမ်းဆောင်လိုသည့် ကာလအပိုင်းအခြား အလိုက် ထမ်းဆောင်နိုင်ပြီး သာမန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် လျှောက်ထားသူများအနေဖြင့် မူလ လျှောက်ထားစဉ်တွင် အခွန်တစ်ပါတည်း ပေးဆောင်ရန် မလိုအပ်ကြောင်းနှင့် သက်တမ်းတိုးရန် ခွင့်ပြုချက်ရရှိသည့် အချိန်တွင် ဝင်ငွေခွန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သံရုံးက အသိပေးထားသည်။
MT