ဗီယက်နမ်တွင် ကိုဗစ်-၁၉ ကူးစက်သူ  စုစုပေါင်း ၁၀၆၂၀၂၀၃ ဦးရှိ


 

ဟနွိုင်း    ဧပြီ    ၂၆ 
ဗီယက်နမ်နိုင်ငံတွင် ဧပြီ ၂၆ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၈၄၃၁ ဦးရှိလာခဲ့ပြီး ဧပြီ ၂၅ ရက်ထက်  ၁၀၁၄ ဦး  မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန်ကြေညာ သည်။ 
အသစ်ထပ်မံ   ကူးစက်ဖြစ်ပွားသူအားလုံးမှာ ပြည်တွင်းကူးစက်မှုများ  ဖြစ်ကြသည်။ 
ဗီယက်နမ်နိုင်ငံ       မြို့တော်ဟနွိုင်းသည်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာအဖြစ် ဆက်လက်တည်ရှိနေပြီး ဧပြီ ၂၆ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၃၇ ဦး ရှိခဲ့သည်။ 
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်းမှာ ယခုအခါတွင်  ၁၀၆၂၀၂၀၃  ဦးအထိရှိလာ ခဲ့ပြီး သေဆုံးသူပေါင်းမှာလည်း ၄၃၀၂၉ ဦး ရှိလာ ခဲ့သည်။ 
ဆင်ဟွာ