
ဟနွိုင်း မေ ၂၂
ဗီယက်နမ်ထိပ်တန်းလုံခြုံရေးအရာရှိအား နိုင်ငံ၏ သမ္မတသစ်အဖြစ် ခန့်အပ်လိုက်သည်။ အဆိုပါရာထူးသည် နိုင်ငံရေးရာထူးအဆင့်အတန်းတွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။
ဗီယက်နမ်အမျိုးသားညီလာခံ က မေ ၂၂ ရက်တွင် တူလမ်အား ၀သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ တွင် ရာထူးမှထုတ်ပယ်ခြင်းများ ဖြစ်ပွားပြီးနောက် ၎င်း၏ခန့်အပ် မှု ဖြစ်ပေါ်ခဲ့သည်။
တူလမ်သည် အသက် ၆၆ နှစ် ရှိပြီး ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တွင် ဆယ်စုနှစ်လေးနှစ်ကြာ တာဝန် ထမ်းဆောင်ပြီးနောက် ၂၀၁၆ ခုနှစ်တွင် ယင်းဌာန၌ပင် ဝန်ကြီးဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်ခွဲကာလ အတွင်း လမ်သည်သမ္မတအဖြစ် ခန့်အပ်ခြင်းခံရသည့် တတိယ မြောက် လူပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၎င်း၏ နောင်တော်သမ္မတနှစ်ဦး မှာ အကျင့်ပျက်ခြစားမှုတိုက်ဖျက် ရေးလှုပ်ရှားမှုအတွင်း ရာထူးမှ နုတ်ထွက်ခဲ့သည်။ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးကို နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ဖြစ်သည့် ပါတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန်က ဦးဆောင်ခဲ့ သည်။
ယခုလအတွင်း အမျိုးသား ညီလာခံဥက္ကဋ္ဌဟောင်း ရာထူးမှ နုတ်ထွက်သွားပြီးနောက် ယခု သီတင်းပတ်အစောပိုင်းတွင် အမျိုး သားညီလာခံသည် ၎င်း၏ဥက္ကဋ္ဌ သစ်ကို ရွေးချယ်ခဲ့သည်။
အင်န်အိတ်ချ်ကေ