ဗီယက်နမ်သမ္မတ ဗိုဗန်သွန်း ရာထူးမှ နုတ်ထွက်

ဟနွိုင်း   မတ်   ၂၀ 
ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီသည်  မတ် ၂၀ ရက်က သမ္မတ ဗိုဗန်သွန်း၏ နုတ်ထွက်လွှာကိုလက်ခံခဲ့ကြောင်း  ဗီယက်နမ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ 
သွန်းသည်  ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ်မှလည်း  နုတ်ထွက်မည် ဖြစ်ကြောင်း     ကော်မတီအထူးအစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။ 
အစည်းအဝေးပြီးနောက်  ထွက်ပေါ်လာသော ထုတ်ပြန်ချက်တွင် သွန်းသည် ကွန်မြူနစ်ပါတီနှင့် နိုင်ငံ၏အဓိကခေါင်းဆောင်ဖြစ်သလို အရေးကြီးသော ခေါင်းဆောင်မှုပိုင်းများကိုလည်း တာဝန်ယူထားသူ ဖြစ်ကြောင်း သိရသည်။ 
သို့သော်လည်း   သွန်းသည်    ပါတီစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့ကြောင်း   ဗဟိုစစ်ဆေးရေးကော်မတီနှင့်   တခြား သက်ဆိုင်ရာအေဂျင်စီများ၏ အစီရင်ခံစာအရ သိရသည်။ 
သွန်း၏စည်းကမ်းချိုးဖောက်မှုသည် ပြည်သူ့သဘောထားအပေါ် ဆိုးရွားစွာအကျိုးသက်ရောက်ခဲ့သလို ပါတီနှင့် နိုင်ငံ၏ဂုဏ်သတင်း ကိုလည်း ကျဆင်းစေခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ 
ပါတီ၊ နိုင်ငံနှင့်  ပြည်သူ့အပေါ်   ၎င်း၏တာဝန်မကျေမှုများကို သတိပြုမိသည့်အတွက်   ရာထူးမှနုတ်ထွက်ခွင့်ကို တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 
သွန်းကို ၁၉၇၀ ပြည့်နှစ်တွင်မွေးဖွားခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လတွင် ဗီယက်နမ်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ 
ဆင်ဟွာ