ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူအများစု လာအိုဈေးကွက်ကို နှစ်ခြိုက်လာ

 

လာအိုနိုင်ငံသည်    ပို့ကုန်တင်ပို့သော ပြည်ပနိုင်ငံများထံမှ    အရည်အသွေး ထောက်ခံချက် (Quality Certification) အများစုကို    လက်ခံအသိအမှတ်ပြုခြင်း ကြောင့်    ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူ များစွာက လာအိုဈေးကွက်အား ဦးတည် ဈေးကွက်တစ်ရပ်အဖြစ်    နှစ်ခြိုက်မှုရရှိ လာခဲ့ကြောင်း သိရသည်။

 


ဗီယက်နမ်-လာအို    ကုန်သွယ်ရေး သဘောတူညီချက်၊   နယ်စပ်ကုန်သွယ် ရေး   သဘောတူညီချက်နှင့်   အာဆီယံ ကုန်စည်ကုန်သွယ်ရေး  သဘောတူညီ ချက်  (ASEAN   Trade   in   Goods Agreement-ATIGA) တို့  အောက်မှ လာအိုနိုင်ငံသို့  တင်ပို့သော   ဗီယက်နမ် ပို့ကုန်များသည် အပြန်အလှန်အားဖြင့်          အကောက်ခွန်ကင်းလွတ်ခွင့်        (Zero Tariffs) ကိုလည်း ရရှိခံစားနိုင်သည်။

 


လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့သည် ကီလိုမီတာ ၂၃၀၀ ကျော်     နယ်နိမိတ် ထိစပ်လျက်ရှိကြောင်း၊   ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၁ ခုနှစ်တွင် လာအို-ဗီယက်နမ်နှစ်နိုင်ငံ  အပြန်အလှန်   ကုန် သွယ်မှုပမာဏ   အမေရိကန်ဒေါ်လာ   ၁ ဒသမ ၃၇ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၀ ပြည့်ကထက် ၃၃ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊  ဗီယက်နမ်နိုင်ငံမှ လာအိုနိုင်ငံသို့    ပို့ကုန်တင်ပို့မှုသည် ၅၉၄ ဒသမ   ၇ သန်းရှိခဲ့ပြီး  နှစ်အလိုက် နှိုင်းယှဉ်လျှင် လေးရာခိုင်နှုန်းတိုးတက်ခဲ့ ကြောင်း၊    လာအိုမှ      ဗီယက်နမ်သို့ သွင်းကုန်တင်သွင်းမှုသည်   အမေရိကန် ဒေါ်လာ ၇၇၈ ဒသမ ၂ သန်းဖြင့်   ၆၉ ဒသမ ၈  ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

 


၂၀၂၂ ခုနှစ်        ပထမနှစ်ဝက်တွင် လာအိုနိုင်ငံထံမှ   ဗီယက်နမ်နိုင်ငံသို့ သွင်းကုန်တင်သွင်းမှုသည်   နှစ်အလိုက် နှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာ ၅၁၄   ဒသမ ၆ သန်းဖြင့်  ၄၅ ဒသမ ၃  ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အဓိက တင်သွင်းခဲ့သည့်     ကုန်စည်အမယ်များ တွင် ရော်ဘာ၊ သစ်နှင့် သစ်ထုတ်ကုန်များ၊ ဓာတ်မြေဩဇာ၊ ဟင်းသီးဟင်းရွက်များ၊ သတ္တုရိုင်းနှင့်   တွင်းထွက်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။  အလားတူ ကာလတွင်   ဗီယက်နမ်မှ   လာအိုသို့ ပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ ၄  သန်းရှိရာ   နှစ်အလိုက် နှိုင်းယှဉ်ချက်အရ     ခြောက်ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊    ဗီယက်နမ်နိုင်ငံမှ လာအိုနိုင်ငံသို့ သံနှင့်သံမဏိပစ္စည်းများ၊  ယာဉ်နှင့်        ယာဉ်အစိတ်အပိုင်းများ၊ စက်နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ၊ ဓာတ်မြေဩဇာ၊         ပလတ်စတစ်နှင့်    ဟင်းသီးဟင်းရွက်များ တင်ပို့ကြောင်း သိရသည်။

 


လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် လာအိုနိုင်ငံရှိ    စီမံကိန်း   (၄၁၇)  တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ ကို    ရင်းနှီးမြှုပ်နှံထားပြီး   တတိယ အများဆုံး       ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေကြောင်း၊  လာအိုနိုင်ငံအနေ ဖြင့်  ရေရှည်တည်တံ့၍   သန့်ရှင်းမှုရှိ သည့် လယ်ယာစိုက်ပျိုးရေး (Clean Agriculture)၊ ကုန်ထုတ်လုပ်ငန်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ (Processing and Manufacturing) တို့  အပါအဝင် နယ်ပယ်များစွာ၌    ဗီယက်နမ်ရင်းနှီး မြှုပ်နှံသူများအား  ဦးစားပေးဆောင်ရွက် ထားကြောင်း၊  လာအိုနှင့်   ဗီယက်နမ် နှစ်နိုင်ငံတို့သည် လျှပ်စစ်နှင့် ဓာတ်သတ္တု တူးဖော်ခြင်းကဏ္ဍတို့တွင်လည်း ပူးပေါင်း ဆောင်ရွက်မှု            ချဲ့ထွင်နိုင်မည့်  အလားအလာ       များစွာရှိနေသည်ဟု ယုံကြည်ထားကြကြောင်း၊        ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုကို         ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေ ကြောင်း သိရသည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊