ဗီယက်နမ်ပို့ကုန်များ ဒေသတွင်းနိုင်ငံများတွင် ပေါများစွာမြင်တွေ့ရလာနိုင်

 

ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ အနေ ဖြင့် ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ များသို့   ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများစွာရှိကြောင်း ဗီယက်နမ် နိုင်ငံ  စက်မှုနှင့်  ကုန်သွယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ယခုလ ဒုတိယအပတ်အတွင်းက ပြောကြားသည်။

 


ဗီယက်နမ်နိုင်ငံအနေဖြင့်   ပထဝီနိုင်ငံ ရေးအရ    နယ်နိမိတ်နီးကပ်လျက်ရှိသည့် အဆိုပါ  နိုင်ငံသုံးနိုင်ငံနှင့်    ကုန်သွယ်ရန် အခွင့်အလမ်းကောင်းများရှိခြင်းမှာ လွတ်လပ် စွာကုန်သွယ်မှုဆိုင်ရာ  သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံများ ဖြစ်နေခြင်းလည်း  ပါဝင် သည်။ ဗီယက်နမ်၏ ပြည်တွင်းလုပ်ငန်းများ အနေဖြင့် ထိုင်းနိုင်ငံနှင့်  လာအိုနိုင်ငံတို့ရှိ ဖောက်သည်များ၏ ဝယ်လိုအားကို ပြည့်မီရန် နည်းပညာဆိုင်ရာနှင့်   စံချိန်စံညွှန်းပြည့်မီသောထုတ်ကုန်များကို  တင်ပို့ရန်ကြိုးပမ်းလျက်ရှိကြသည်။ ၎င်းတို့အနေဖြင့် ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းရပ်များတွင် အဆင့် မြင့်နည်းပညာများ အသုံးချရန်နှင့် ထုတ်ကုန် များ၏ အရည်အသွေးကို စိတ်ချရန်၊ တာရှည် ခံထိန်းသိမ်းနိုင်သော    နည်းပညာများကို အသုံးပြုရန်  စိန်ခေါ်မှုများရှိနေသေးသည်။ 

 


တစ်ချိန်တည်းတွင် ဗီယက်နမ်စီးပွားရေး လုပ်ငန်းများအနေဖြင့် “ဗီယက်နမ်ထုတ်ကုန် များက အရည်အသွေးမြင့်မားပြီး ယှဉ်ပြိုင်နိုင် စွမ်းရှိသော စျေးနှုန်းများရှိသည်” ဟူသော အမှတ်တံဆိပ်တစ်ခုကို   တည်ဆောက်ရန်  လိုကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဌာနက သတိပေးပြောကြားသည်။

 


ဗီယက်နမ်- လာအို ကုန်သွယ်ရေး


ဗီယက်နမ်ထုတ်ကုန်များကို လာအိုနိုင်ငံ သို့ စရိတ်စကသက်သာပြီး   မြန်ဆန်စွာ ရောင်းချနိုင်သော အခွင့်အလမ်းကောင်းများ ရှိသော်လည်း လာအိုနိုင်ငံသို့ တင်ပို့ရောင်းချ သော ထုတ်ကုန်များတွင်  လာအိုဘာသာ စကားဖြင့် ကုန်အညွှန်းစာသားများ ရေးသား ဖော်ပြရန်လိုသည်ကို ဗီယက်နမ်လုပ်ငန်းများ အနေဖြင့် သတိပြုရမည်ဖြစ်ပြီး ကုန်ပစ္စည်း အတုအပများနှင့်   အရည်အသွေးနိမ့်ကျ သည့် အခြားနိုင်ငံ ထွက်ကုန်အချို့နှင့်လည်း စျေးကွက်အတွင်း ယှဉ်ပြိုင်ရခြင်းများရှိနေကြောင်း သိရသည်။

 


မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်-လာအို  နှစ်နိုင်ငံ      ကုန်သွယ်မှုဝင်ငွေမှာ တိုးတက်လာပြီး ၂၀၁၇ ခုနှစ်က ၈ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် ၁၃ ဒသမ  ၆  ရာခိုင်နှုန်း ရှိလာကာ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရှိလာခဲ့သည်။ ၂၀၂၂ ခုနှစ် ပထမဆုံး     ငါးလတာ   ကာလအတွင်း ကုန်သွယ်မှုတန်ဖိုးမှာ ၂၁ ရာခိုင်နှုန်းတိုးတက် လာပြီး အမေရိကန်ဒေါ်လာ  သန်း  ၇၀၀ ရှိသည့်အတွက် ၂၀၂၂ အကုန်တွင် တိုးတက် လာမည့် ကုန်သွယ်မှုတန်ဖိုးသည်   ၂၀၂၁ ခုနှစ်က  တန်ဖိုးနှင့်    အတူတူဖြစ်နိုင်သလို ယင်းထက်လည်း   ပိုမိုတိုးတက်နိုင်မည်ဟု ခန့်မှန်းထားကြသည်။

 


ထိုင်းနိုင်ငံဈေးကွက်


တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံစျေးကွက် ၌ စားသောက်ကုန်သည်     ဝယ်လိုအား များသောကြောင့် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များအတွက်      အလားအလာရှိသော ကုန်စည်တစ်ခုဖြစ်သည်။      ထိုင်းနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏   ဌာနမှူးက  ထိုင်းနိုင်ငံ၏  စားသောက်ကုန်ကဏ္ဍတွင် တင်းကျပ်သော စံချိန်စံညွှန်းသတ်မှတ်ချက် များရှိသောကြောင့် အလွယ်တကူတင်သွင်း ရန် မဖြစ်နိုင်ကြောင်းနှင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် အဆိုပါထုတ်ကုန်များ နှင့်စျေးကွက်အတွက် အထူးချမှတ်ထားသော မဟာဗျူဟာများမရှိပါက စျေးကွက်အတွင်း ယှဉ်ပြိုင်ရန်ခက်ခဲမည်ဟု ဆိုသည်။

 


ဗီယက်နမ်လုပ်ငန်းများသည် စျေးကွက် အခြေအနေကို     ဂရုတစိုက်သင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံရှိ ဖြန့်ချိ ရေး လမ်းကြောင်းများတွင်    မိရိုးဖလာ စျေးကွက်များ၊   စတိုးဆိုင်ငယ်များ၊   စူပါ မားကတ်များ၊ ဟိုက်ပါမားကတ်များပါဝင် ကာ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် လုပ်ကိုင်ပုံကွာခြားခြင်း၊   သုံးစွဲမှုပုံစံကွဲပြား ခြင်းနှင့် အီးကော့မာ့စ်စနစ်တွင်ကျယ်ခြင်း စသည့် ထိုင်းနိုင်ငံမှ စားသုံးသူများ၏ အလေ့ အထကိုလည်း   ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း သိရသည်။

 


၂၀၂၂ ခုနှစ်   ပထမ  ငါးလပတ်အတွင်း ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အကြား စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ   ၈ ဒသမ ၆၁ ဘီလီယံရှိသည့်အတွက် ယခင်နှစ် ကထက် ၈ ရာခိုင်နှုန်းခန့်  တိုးတက်လာခဲ့ သည်။ ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံသို့ တယ်လီဖုန်းနှင့် အီလက်ထရွန်နစ်အစိတ် အပိုင်းများ၊ စက်ကိရိယာပစ္စည်းများ၊ အပို ပစ္စည်းများ၊ အထည်အလိပ်နှင့် ပင်လယ်စာ များကို တင်ပို့လျက်ရှိသည်။

 


ကမ္ဘောဒီးယားနိုင်ငံဈေးကွက်


ကမ္ဘောဒီးယားနိုင်ငံသည်လည်း ဗီယက် နမ်စီးပွားရေးလုပ်ငန်းများအတွက် အလား အလာရှိသော စျေးကွက်တစ်ခုဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ    စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။ 

 


၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ ကမ္ဘော ဒီးယားနိုင်ငံသို့      ပို့ကုန်တင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ပထမ   ငါးလပတ်အတွင်း ကမ္ဘောဒီးယားသို့ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံရှိသည့်အတွက် လွန်ခဲ့သော နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၁ ဒသမ ၂ ရာခိုင်နှုန်းကျော်  တိုးတက်လာ ခဲ့သည်။ ဗီယက်နမ်နိုင်ငံမှ  ကမ္ဘောဒီးယား နိုင်ငံသို့ တင်ပို့လျက်ရှိသော အဓိကပို့ကုန် များမှာ သံနှင့် သံမဏိ၊ ဓာတုနှင့် ပလတ်စတစ် ပစ္စည်းများ၊ စက်ကိရိယာနှင့် လျှပ်စစ်ပစ္စည်း များ၊ ပြုပြင်ထားသော စားသောက်ကုန်များ နှင့်  မုန့်မျိုးစုံစသည့်   ထုတ်ကုန်များဖြစ် ကြောင်း သိရသည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊