
ဟနွိုင်း ဇူလိုင် ၉
ဗီယက်နမ်နိုင်ငံတွင် ဇူလိုင် ၉ ရက် က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၆၂၅ ဦး ရှိကြောင်း စံချိန်တင် ဖော်ပြခဲ့ပြီး ဇူလိုင် ၈ ရက်က မှတ်တမ်းတင်ခဲ့သော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ပမာဏ ၁၃၁၄ ဦးကို ကျော်လွန်ခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူများအနက် ၁၆၁၆ ဦးမှာ ပြည်တွင်း ကူးစက်မှုဖြစ်ပြီး ကိုးဦးမှာ ပြည်ပကူးစက်မှု ဖြစ်သည်။ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်းမှာ ၂၆၀၁၀ ဦးဖြစ်သည်။
အစုလိုက် ကူးစက်ဖြစ်ပွားမှု များအနက် ၁၂၂၉ ဦးမှာ ဟိုချီမင်း တောင်ပိုင်းမှ လည်းကောင်း၊ ၇၇ ဦးမှာ လောင်အန်းတောင်ပိုင်း မှလည်းကောင်း၊ ၇၃ ဦးမှာ ဘင်ဒေါင်း တောင်ပိုင်းမှလည်း ကောင်းဖြစ်သည်။
ဇူလိုင် ၉ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ နောက်ထပ် ငါးဦး သေဆုံးခဲ့မှုနှင့်အတူ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ပေါင်းမှာ ၁၁၀ ဦးအထိ ရောက်ရှိ လာပြီဖြစ်သည်။
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၈၉၈၄ ဦးအထိ ရောက်ရှိလာခဲ့သည်။
ဇူလိုင် ၉ ရက်နေ့ အထိ ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်ဖြစ်ပွားသူ ၂၄၁၀၃ ဦးရှိလာခဲ့သည်။
ဆင်ဟွာ