ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဘန်ဒေါင်းပြည်နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၃၂ ဦး သေဆုံး

 

ဟနွိုင်း   စက်တင်ဘာ   ၈ 


ဗီယက်နမ်နိုင်ငံ        တောင်ပိုင်း ဘန်ဒေါင်းပြည်နယ်၌ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ  လူ  ၃၂  ဦး        သေဆုံးခဲ့ကြောင်း   ဗီယက်နမ်   သတင်းအေဂျင်စီက စက်တင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ 

 


မီးသည် စက်တင်ဘာ ၆ ရက် ညတွင် ဒေသတွင်း ကာရာအိုကေ ဘား  သုံးထပ်အဆောက်အအုံ၏  ဒုတိယထပ်နှင့်     တတိယထပ်ကို ဝါးမြိုခဲ့ပြီး အလျင်အမြန်ကူးစက်  လောင်ကျွမ်း         ခဲ့သောကြောင့် ဝန်ထမ်းများနှင့်     ဆိုင်သို့လာ ရောက်လေ့ရှိသည့် ဖောက်သည် များ ပိတ်မိနေခဲ့ကြောင်း သတင်း အေဂျင်စီက    ဆက်လက်ဖော်ပြ သည်။

 


အဆိုပါ မီးလောင်မှုကြောင့် သေဆုံးသူ  ၃၂  ဦးအထိ  ရှိခဲ့ပြီး       သေဆုံးသူများထဲတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၆ ဦး ပါဝင်သည်။  

 


လျှပ်စစ်ဝိုင်ယာရှော့ခ်ကြောင့်  မီးလောင်မှု      ဖြစ်ပွားခဲ့ဖြစ်ပြီး  မီးသည်    အသံလုံရေမြုပ်မွေ့ရာ များနှင့် သစ်သားဖြင့် အလှဆင် ထားသည့်ဆိုင်အတွင်း  လျင်မြန် စွာ  ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း    ဘန်ဒေါင်းပြည်သူ့ ကော်မတီ၏   ထုတ်ပြန်ချက်ကို         နယူးအေဂျင်စီက ကိုးကားဖော်ပြ ခဲ့သည်။ 

 


မီးသတ်ကား   ၁၃   စီးနှင့် မီးသတ်သမား    ၆၆   ဦးတို့ကို မီးလောင်မှုဖြစ်ပွားရာ     နေရာ၌ ဖြန့်ကြက်ထားပြီး     မီးငြှိမ်းသတ် ခဲ့ရာ   တစ်နာရီအတွင်း  မီးလောင် မှုကို       ထိန်းချုပ်နိုင်ခဲ့သည်။ သက်ဆိုင်ရာအာဏာပိုင်များသည် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း အဆိုပါသတင်း အေဂျင်စီက   ဆက်လက်ဖော်ပြ သည်။ 

 


ဗီယက်နမ်သမ္မတ     ငုယင် စွမ်းဖုက     မီးလောင်မှုကြောင့် သေဆုံးသွားသူများ၏    မိသားစု များထံသို့         အလွန်ဝမ်းနည်း ကြောင်း   ဖော်ပြခဲ့ပြီး   လိုအပ် သည်များ            ထောက်ပံ့ပေးရန် သက်ဆိုင်ရာ  အာဏာပိုင်များကို တိုက်တွန်းပြောကြားခဲ့သည်။ 


ဆင်ဟွာ