
ဟနွိုင်း အောက်တိုဘာ၂၅
ဗီယက်နမ်နိုင်ငံတွင် အောက်တို ဘာ ၂၅ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၃၆၃၉ ဦးရှိကြောင်း ဖော်ပြပြီး ပြည်ပကူးစက်သူ ၁၉ဦး နှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၃၆၂၀ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ သည်။
ကိုဗစ်-၁၉ ထပ်မံ ကူးစက်မှု နှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၈၉၂၅၇၉ ဦး အထိရှိလာပြီး ၂၁၇၃၈ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆက်လက် သတင်းထုတ်ပြန် ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက် ကူးစက် မှုအများစုမှာ တောင်ပိုင်းဒေသ များမှဖြစ်ကာ ကိုဗစ်-၁၉ ကူးစက် ရာ ဗဟိုချက်နေရာဖြစ်သည့် ဟိုချီမင်းစီးတီးမှ ၉၆၉ ဦး၊ အနီး နားရှိ ဘင်ဒေါင်းပြည်နယ်မှ ၅၁၇ ဦးနှင့် ဒွန်နိုင်းပြည်နယ်မှ ၄၅၈ ဦးတို့ဖြစ်ကြသည်။
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကျန်းမာ လာသူ ၈၀၇၃၀၁ ဦးရှိလာပြီး နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ကာကွယ် ဆေးထိုးပြီးသူပေါင်းမှာလည်း ၇၄ သန်း ကျော်လွန်ရှိလာပြီဖြစ် သည်။
အောက်တိုဘာ ၂၅ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၈၈၇၇၉၇ ဦးရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ဆင်ဟွာ