ဗီယက်နမ်နိုင်ငံ၌ သက်ကြီးရွယ်အိုများ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဟုဆို

 

ဟနွိုင်း  ဒီဇင်ဘာ   ၂ 


ဗီယက်နိုင်ငံ၏ လူမှုဖူလုံရေးစနစ် သည်     အစပိုင်းအဆင့်များတွင် ရှိနေဆဲဖြစ်ပြီး   စီးပွားရေးအရင်း အမြစ်များ အကန့်အသတ်ရှိသော ကြောင့်     သက်ကြီးရွယ်အိုများ အနေဖြင့်       စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း    ဒီဇင်ဘာ ၂ ရက်တွင် ပြည်တွင်းသတင်းစာ ဗီယက်နမ်နယူးစ်တွင်     ဖော်ပြ ထားသည်။

 


ဗီယက်နမ်နိုင်ငံ၌   အသက် ၆၅    နှစ်နှင့်အထက်ရှိ   သက်ကြီး ပိုင်းအရေအတွက်သည်   ၂၀၂၀ ပြည့်နှစ်တွင် ၇ ဒသမ ၄ သန်း နီးပါးအထိ လျင်မြန်စွာ မြင့်တက် လာသည့်အတွက်  နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၇ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ထို့အပြင် အဆိုပါ     သက်ကြီးပိုင်းအရေ အတွက်သည်   ၂၀၃၀   ပြည့်နှစ် အရောက်တွင် ၁၁ ဒသမ ၈ သန်း နီးပါးအထိ    ရှိလာနိုင်ပြီး   နိုင်ငံ့ လူဦးရေစုစုပေါင်း၏ ၁၂ ရာခိုင်နှုန်း ရှိလာမည်ဟု        ခန့်မှန်းထား ကြောင်း အလုပ်သမား၊  သိပ္ပံနှင့် လူမှုရေးရာအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။ 

 


လူလတ်ပိုင်းအရွယ် တစ်ဦးစီ တိုင်းသည်   အသက်အရွယ်ကြီး လာသောအခါ   မှီခိုမှုကင်းစွာဖြင့် နေထိုင်နိုင်ရန်အတွက် အဆင်သင့် ဖြစ်မှုနှင့်    ပြင်ဆင်မှုပိုင်းတွင် လွန်စွာနည်းပါးကြောင်း   သိရ သည်။ 

 


စစ်တမ်း   ကောက်ယူမှုအရ အသက် ၃၀  နှင့်  ၄၄  နှစ်ကြား ရှိသူအများစုမှာ     အသက်ကြီး လာသည့်အခါ   မှီခိုမှုကင်းကင်း ဖြင့်   နေထိုင်ရန်    ကြိုးပမ်းကြ သော်လည်း   အလွန်နည်းပါးပြီး ၃၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု သိရသည်။                                
      ဆင်ဟွာ