ဗီယက်နမ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၃၆၉၀၁ ဦး ရှိလာ

ဟနွိုင်း   သြဂုတ်   ၁၁ 


ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူ ၈၇၆၆ ဦး ထပ်မံ  စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌  ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၂၃၆၉၀၁ ဦးရှိလာကြောင်း ဗီယက်နမ်  ကျန်းမာရေးဝန်ကြီးဌာနက  ယနေ့သတင်းထုတ်ပြန် သည်။ 


အဆိုပါ   ရောဂါကူးစက်သူများအနက်  ၈၇၅၂  ဦးသည်       ပြည်တွင်းကူးစက်ခံရသူများဖြစ်ပြီး  ကျန် ၁၄ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိ လာသူများဖြစ်ကြောင်း သိရသည်။ 


ထို့ပြင် ယင်းကူးစက်ခံရသူအများစုကို နိုင်ငံ၏ တောင်ဘက်ပိုင်းမှ အများဆုံးစစ်ဆေးတွေ့ရှိရသည်။ ဟိုချီမင်းစီးတီး၌ ၃၄၁၆ ဦး၊ ဘင်ဒေါင်ခရိုင်၌ ၁၈၉၇  ဦးနှင့် ဒွန်နိုင်ခရိုင်၌ ၉၇၉ ဦးတို့ကို  အသီးသီးတွေ့ရှိ သည်။ 


ကိုဗစ်-၁၉  ရောဂါကြောင့်  သေဆုံးသူပေါင်း ၄၄၈၇ ဦးရှိပြီဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ  သိရသည်။ 
 သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၄၈၀၆ ဦး ရောဂါမှပြန်လည်သက်သာလာခဲ့သည့်အတွက် ဆေးရုံများမှ ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူပေါင်း ၈၅၁၅၄ ဦး ရှိလာ သည်။ 


နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၁၁ ဒသမ ၃ သန်း  ဖြန့်ဖြူးထားကြောင်း သိရသည်။                          

 

  ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်