ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၌ ရက်ရှည်မိုးရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပွားပြီး ၁၁ ဦးသေဆုံး

 

ဟနွိုင်း  သြဂုတ်  ၈ 


ဗီယက်နမ်နိုင်ငံ     မြောက်ပိုင်း၌ ရက်ရှည်  မိုးသည်းထန်စွာ  ရွာ သွန်းမှုကြောင့်   ရေကြီးမြေပြိုမှု များဖြစ်ပွားပြီး သြဂုတ် ၂ ရက်မှ ၇ ရက်အတွင်း သေဆုံးသူ ၁၁ ဦး အထိ  ရှိလာကြောင်း   သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးနှင့်        ထိန်းချုပ်ရေးဆိုင်ရာ      ဗီယက်နမ်   အမျိုးသားစီမံခန့်ခွဲရေး ကော်မတီ က သြဂုတ် ၈ ရက်တွင် ပြောကြား လိုက်သည်။ 


သြဂုတ်   ၆  ရက်နှင့်  ၇  ရက် အတွင်း   သေဆုံးသူ   သုံးဦးရှိခဲ့ရာ ၎င်းတို့မှာ ယန်ဘိုင်၊  လောင်ကိုင် နှင့်    ဟာဂင်ပြည်နယ်တို့မှဖြစ် ကြောင်း အမျိုးသားစီမံခန့်ခွဲရေး ကော်မတီက ပြောသည်။ 


လောင်ကိုင်နှင့်        ကိုင်ဘန် ပြည်နယ်တို့မှ နောက်ထပ်ဒဏ်ရာ ရရှိသူ        နှစ်ဦးရှိသောကြောင့် စုစုပေါင်း    ဒဏ်ရာရရှိသူ   ငါးဦး အထိ ရှိလာခဲ့သည်။ 


သြဂုတ်  ၂   ရက်မှ ၇ ရက် အထိ အိမ်ခြေပေါင်း   ၅၄  အိမ် ပျက်စီးခဲ့ပြီး      ၂၉၇  အိမ်မှာ သဘာဝဘေးအန္တရာယ်ကို ခံစား ခဲ့ရကြောင်း၊       စိုက်ပျိုးမြေ ဟက်တာပေါင်း ၁၇၆  ဟက်တာ ဆုံးရှုံးပျက်စီးခဲ့ကြောင်း အဆိုပါ ကော်မတီက ပြောကြားခဲ့သည်။
ထို့ပြင်         မိုးသည်းထန်စွာ ရွာသွန်းမှု၏     အကျိုးဆက် ကြောင့်     အဝေးပြေးလမ်းနှင့် လမ်းမကြီးများ      မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ကော်မတီက ထပ်မံဖော်ပြခဲ့သည်။  

ဆင်ဟွာ