ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် တွေ့ရှိ

 

ဟနွိုင်း  ဇန်နဝါရီ   ၂၄


ဗီယက်နမ်နိုင်ငံ    ဟိုချီမင်းမြို့၌  SARS-CoV-2   ကိုရိုနာဗိုင်းရပ်စ် ၏ မျိုးကွဲ JN.1 ကို မကြာသေးမီ က   တွေ့ရှိခဲ့ကြောင်း    မြို့တော် ကျန်းမာရေးဌာနက    ဇန်နဝါရီ ၂၄ ရက်တွင် အစီရင်ခံဖော်ပြထား သည်။ 


အလွန်အမင်း မစိုးရိမ်သင့်


ကိုရိုနာဗိုင်းရပ်စ်  မျိုးကွဲကို မြို့တော်တွင်း ဆေးရုံတက်ရောက် ကုသနေသော လူနာများထံမှ ပြီးခဲ့ သည့်နှစ်  ဒီဇင်ဘာလတွင်  တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း    သိရသည်။ ဗီယက်နမ်  ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ  JN.1 သည်      အိုမီခရွန်ဗီဇပြောင်း BA.2.86    ၏     မျိုးကွဲသစ်တစ်ခု ဖြစ်ကြောင်း  သိရသည်။  ပြည်သူ များအား အလွန်အမင်း  မစိုးရိမ် သင့်ကြောင်းနှင့် သတိဝီရိယဖြင့် နေထိုင်ကြရန် ဗီယက်နမ်ကျန်းမာ ရေးဝန်ကြီးဌာနက     သတိပေး ထားသည်။ 


လူနာအရေအတွက် မြင့်တက်လာ


ကပ်ရောဂါကြောင့်  ဟိုချီမင်း မြို့    ဆေးရုံတွင်     ကုသမှုခံယူနေ သော    လူနာအရေအတွက်မှာ လွန်ခဲ့သည့် ရက်သတ္တခြောက်ပတ် အတွင်း    မြင့်တက်လာကြောင်း ဗီယက်နမ်နယူးစ်      အေဂျင်စီ က   အစီရင်ခံဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ၌    ၂၀၂၄   ခုနှစ် ပထမ   သီတင်းနှစ်ပတ်အတွင်း နေရာဒေသ ၃၉  ခု၌ ရောဂါထပ်မံ ကူးစက်ဖြစ်ပွားသူ   ၄၁၉   ဦးရှိ ကြောင်း သိရသည်။ 


ပြင်းထန်သည့်ရောဂါ ဖြစ်ပွားမှုမရှိ


ဆေးရုံတက်ရောက် ကုသသူ အရေအတွက် မြင့်မားလာသော် လည်း   ပြင်းထန်သည့်   ရောဂါ ဖြစ်ပွားမှုမျိုး မရှိကြောင်း ဗီယက် နမ်  ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။                    

ဆင်ဟွာ