
ဟနွိုင်း မတ် ၁၅
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမြို့ နာ့ဟ်ခန်းမြို့တွင် လူပေါင်း ၁၉၅ ဦးမှာ အစာအဆိပ်သင့်သည်ဟူသော သံသယရှိသဖြင့် ဆေးရုံသို့ တက်ခဲ့ ရသည်။
၎င်းတို့မှာ ကြက်သားထမင်း ဆိုင်တွင် စားသောက်ခဲ့ကြပြီးနောက် ယခုကဲ့သို့ဆေးရုံတက်လိုက်ရခြင်း ဖြစ်ကြောင်း ပြည်တွင်းမီဒီယာ များတွင် မတ် ၁၅ ရက်က ဖော်ပြ ထားသည်။
၎င်းတို့ထဲမှ အချို့ကို ဆေးရုံ နှင့်ဆေးဘက်စောင့်ရှောက်မှုစင်တာ ၁၂ ခုတွင် ကုသမှုပေးထားပြီး အချို့ ကိုမူ နေအိမ်၌ပင်ကုသမှုခံယူရန် ဆေးပေးထားကြောင်း ဗီယက်နမ် သတင်းအေဂျင်စီတွင် ဖော်ပြထား သည်။
ကနဦးတွင် ဒေသခံများနှင့် ခရီးသွားများအပါအဝင် လူပေါင်း ၆၀ မှာ မတ် ၁၃ ရက် ညပိုင်း ကတည်းက အစာအဆိပ်သင့်မှုခံစား ခဲ့ရသည်ဟု အာဏာပိုင်များက မှတ်တမ်းတင်ထားသည်။ ၎င်းတို့ အားလုံးမှာ တရမ်အန်ကြက်သား ထမင်းဆိုင်မှ အစားအသောက် များကို စားသောက်ခဲ့ကြကြောင်း ဗွီအင်န်အိတ်စပရက်တွင် ဖော်ပြ ထားသည်။
မတ် ၁၄ ရက် မွန်းလွဲပိုင်းတွင် အစာအဆိပ်သင့်သူ ပို၍များလာ ကြောင်း မြို့နယ်ကျန်းမာရေး အာဏာပိုင်များက ပြောသည်။ စားသောက်ဆိုင် ပိုင်ရှင်သည် အစားအသောက် ပါဝင်ပစ္စည်းများ နှင့် အရောင်းစာချုပ်ကို ပြသရန် ပျက်ကွက်ခဲ့သည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ အစားအသောက်ဘေးကင်းလုံခြုံ ရေးဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် စားသောက်ဆိုင်ကို ယာယီဆိုင်းငံ့ထားကြောင်း မတ် ၁၅ ရက်က အမိန့်ထုတ်ပြန်ခဲ့ သည်။
ဆင်ဟွာ