
ဟနွိုင်း စက်တင်ဘာ ၅
ဗီယက်နမ်နိုင်ငံ၌ အမျိုးသားနေ့ အားလပ်ရက် လေးရက်အတွင်း ယာဉ်မတော်တဆမှု ၁၂၅ ကြိမ် ဖြစ်ပွားပြီး ၇၆ ဦး သေဆုံးကာ အခြား ၉၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲဌာနက စက်တင်ဘာ ၄ ရက် တွင် ပြောသည်။
အများစုမှာ လမ်းပေါ်နှင့် ရထားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ရထားတိုက်မှု နှစ် ကြိမ်အတွင်း သေဆုံးသူ သုံးဦးရှိ ကြောင်း အဆိုပါဌာနကပြောသည်။
စက်တင်ဘာ ၁ ရက်မှ ၄ ရက် အထိ အမျိုးသားနေ့ အားလပ် ရက်အတွင်း ပြီးခဲ့သည့်နှစ်နှင့် နှိုင်းစာပါက မတော်တဆ ဖြစ်ပွားမှု ၄၆ ကြိမ် မြင့်တက် လာကြောင်းနှင့် သေဆုံးသူ ၂၈ ဦး မြင့်တက်လာကြောင်း သိရသည်။ ယာဉ်ထိန်းရဲဌာန၏ ထုတ်ပြန် ချက်အရ ဗီယက်နမ်နိုင်ငံတစ်ဝန်း ဥပဒေချိုးဖောက်သည့် အမှုပေါင်း ၃၅၀၀၀ ဝန်းကျင်ခန့်ကို အရေး ယူဆောင်ရွက်ခဲ့ပြီး ဗီယက်နမ် ဒေါင် ၇၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၉ သန်း) ဒဏ် ရိုက်ခဲ့ကြောင်း၊ ကားအစီးရေ ၅၂၀ နှင့် မော်တော်ဆိုင်ကယ် ၁၂၀၀၀ ကို သိမ်းဆည်းခဲ့ကြောင်း နှင့် လိုင်စင် ၇၂၀၀ ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။
ဗီယက်နမ်နိုင်ငံတွင် ပြီးခဲ့ သည့်နှစ်က ယာဉ်မတော်တဆမှု ၁၁၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၃၈၄ ဦး သေဆုံးကာ ၇၈၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိကြောင်း တရားဝင်ဖော်ပြသော ကိန်းဂဏန်းများအရ သိရသည်။
ဆင်ဟွာ