ဗီယက်နမ်မြို့တော် ဟနွိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးဖြစ်ပွား

 

 

ဟနွိုင်း  ဇန်နဝါရီ  ၁၀    
ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီ ၁၀  ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ   ၁၄၈၁၈   ဦး   ရှိလာ ကြောင်း   ဖော်ပြခဲ့ပြီး     ပြည်ပ ကူးစက်ဖြစ်ပွားသူ   ၃၅    ဦးနှင့် ပြည်တွင်း    ကူးစက်ဖြစ်ပွားသူ ၁၄၇၈၃ ဦးဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက     ထုတ်ပြန် ကြေညာသည်။ 
‌ကိုဗစ်-၁၉      ထပ်မံကူးစက် ဖြစ်ပွားမှုနှင့်အတူ      နိုင်ငံတွင်း ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူ ပေါင်း    ၁၉၁၄၃၉၃    ဦးအထိ ရောက်ရှိလာပြီး   ၃၄၅၃၁   ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက      ဆက်လက်  သတင်းထုတ်ပြန်  ဖော်ပြခဲ့သည်။  ကိုဗစ်-၁၉  အစုလိုက်ကူးစက်မှု အများစုမှာ ဗီယက်နမ်မြို့တော်  ဟနွိုင်းဖြစ်ကာ       ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၈၃၀၊ အလယ် ပိုင်း ခန်ဟွာပြည်နယ်တွင်  ၇၉၅ ဦး၊ တောင်ပိုင်း ဘင်ဖွာပြည်နယ် တွင် ၆၄၀ တို့ဖြစ်ကြသည်။ 
တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွား မှုမှ    ပြန်လည်ကောင်းမွန်လာသူ ၁၅၉၀၀၉၀    ရှိလာပြီဖြစ်သည်။  ဒုတိယအကြိမ်          ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ        ၇၁ ဒသမ ၂  သန်းနှင့် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပြီးသူ ၁၁ ဒသမ ၈ သန်းအပါအဝင် နိုင်ငံတစ်ဝန်းကိုဗစ်-၁၉ ကာကွယ် ဆေး      ထိုးပြီးသူပေါင်းမှာလည်း ၁၆၁ ဒသမ ၃ သန်းနီးပါး ရောက်ရှိ လာပြီဖြစ်သည်။ 
ဆင်ဟွာ