
ရန်ကုန် မေ ၉
ဗီယက်နမ်ဆီးဂိမ်း အမျိုးသမီးဘောလုံး ပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ကို မေ ၁၀ ရက် (ယနေ့) တွင် ဗီယက်နမ်နိုင်ငံ၌ စတင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် လာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။
အုပ်စု (ခ) ပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် မြန်မာအသင်းနှင့် လာအိုအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ထိုင်းအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာ အသင်းသည် ပထမပွဲကစားရမည့် လာအိုအသင်းနှင့် ခြေစွမ်း ပိုင်းအရ သာလွန်သော်လည်း ပြိုင်ပွဲ အဖွင့်ပွဲမှာ ရုန်းကန် ရလေ့ရှိသဖြင့် မထင်မှတ် သည့် ရလဒ်မထွက်ပေါ် စေရန် အာရုံစိုက်ကစားရ မည်ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုအနေ အထားအရ ဆီမီးဖိုင်နယ် တက်ရောက်ရန် မခက်ခဲ နိုင်သော်လည်း လာအို၊ စင်ကာပူတို့နှင့် ပွဲများတွင် အနိုင်သုံးမှတ်အပြင် ဂိုးများ များ သွင်းယူထားနိုင်ရန်ပါ ကြိုးစားရမည် ဖြစ်သည်။ မြန်မာအမျိုးသမီး အသင်း အနေဖြင့် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက် ဆုံးအဆင့် ကစားခဲ့သည့် ခြေစွမ်းအတိုင်း ကစားနိုင် ပါက ယခုပြိုင်ပွဲတွင် ထိုက်သင့်သည့် အဆင့် တစ်ခု ရယူနိုင်မည်ဖြစ် သည်။
ဆီးဂိမ်း အမျိုးသမီး ဘောလုံး ပြိုင်ပွဲတွင် အသင်းခုနစ်သင်း ယှဉ်ပြိုင် မည်ဖြစ်ပြီး အုပ်စု (က) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အုပ်စု (ခ) တွင် ထိုင်း၊ မြန်မာ၊ စင်ကာပူ နှင့် လာအိုအသင်းတို့ ပါဝင် နေသည်။ ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် များကို မေ ၉ ရက်မှ ၁၅ ရက် အထိ ကျင်းပမည်ဖြစ် သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF