ဗီယက်နမ် သမ္မတ နုတ်ထွက်မှုကို ကွန်မြူနစ်ပါတီ သဘောတူခဲ့ဟုဆို

 

ဟနွိုင်း    ဇန်နဝါရီ    ၁၇ 


ဗီယက်နမ်ကွန်မြူနစ်ပါတီသည် သမ္မတ ငုယင်စွမ်းဖု (ဝဲပုံ) ကို   ရာထူးမှ နုတ်ထွက်ရန် သဘောတူခဲ့သည်။  ဗီယက်နမ်သမ္မတသည် အကျင့် ပျက်ခြစားမှု အရှုပ်တော်ပုံများနှင့် တာဝန်မကင်းသူ တစ်ဦးဖြစ်ကြောင်း    ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည်။ 
အဆိုပါ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများတွင် ကိုရိုနာဗိုင်းရပ်စ်     ကိုင်တွယ်ဖြေရှင်းမှုလည်းပါသည်။  အရှုပ်တော်ပုံများနှင့် ပတ်သက်ပြီး ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖမ်းဆီးမှုနှင့် ထုတ်ပယ်မှုများ  ဆက်တိုက်ပြုလုပ်နေပြီဖြစ်သည်။ 
အင်န်အိတ်ချ်ကေ