စပိန်လာလီဂါပွဲစဉ် (၃) အဖြစ် ဩဂုတ် ၂၇ ရက် နံနက် ၂ နာရီက ယှဉ်ပြိုင် ကစားခဲ့သည့် ဗီလာရီးရဲနှင့် ဆဲလ်တာဗီဂိုအသင်းပွဲစဉ်တွင် ဗီလာရီးရဲ အသင်းက အကြိတ်အနယ်ကစားပြီး လေးဂိုး-သုံးဂိုးဖြင့် နိုင်ပွဲရရှိခဲ့ သည်။ တစ်ဖက်သုံးဂိုးစီဖြင့် ပြိုင်ပွဲပြီးဆုံးရန် နီးစပ်ခဲ့သော်လည်း ကွင်းလယ်ကစားသမား ဒန်နီရယ် ပါရီဂျို၏ နောက်ကျသွင်းဂိုးကြောင့် ဗီလာရီးရဲအသင်းက လေးဂိုး - သုံးဂိုးဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။
ဗီလာရီးရဲအသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် လာလီဂါ ပွဲစဉ် (၃) အပြီးတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ် ရရှိထားသည်။ ပြိုင်ဘက် ဆဲလ်တာဗီဂိုအသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ်ရရှိထား သည်။
အောင်ဇော်