ဗီဇာအမျိုးမျိုးဖြင့်ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို စနစ်တကျဖြစ်စေရေး နိုင်ငံခြားသားထိန်းသိမ်းရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ် ဖော်ဆောင်လျက်ရှိ

 

နေပြည်တော်  ဇန်နဝါရီ  ၂၀


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးခင်ရီသည်   ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော် ရှိ   အဆိုပါဝန်ကြီးဌာန  အစည်း အဝေးခန်းမ၌ကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းအရှိန်အဟုန် ဖြင့်ဆောင်ရွက်ရမည့် ပန်းခင်းစီမံ ချက်နှင့်ပတ်သက်၍   တိုင်းဒေသ  ကြီး/    ပြည်နယ်ဦးစီးမှူးများကို  တွေ့ဆုံမှာကြားသည့်  အစည်း အဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် အရေးပါသည့် လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ   ယခု နိုင်ငံတော်အစိုးရ ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး   ဦးစီးဌာန အနေဖြင့်      ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသား များ၊ နိုင်ငံအတွင်း အမြဲနေနိုင်ငံခြား သားများကို စနစ်တကျဖြစ်စေရေး အတွက် နိုင်ငံခြားသားထိန်းသိမ်း ရေးဆိုင်ရာ     စီမံခန့်ခွဲမှုစနစ်ကို  ဖော်ဆောင်လျက်   ရှိပါကြောင်း၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသား ဦးစီးဌာနအနေဖြင့် နိုင်ငံသားတိုင်း   လူမှုဘဝ  ဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်လိုအပ်သည့်   နိုင်ငံသား ဖြစ်မှုအထောက်အထားရရှိစေရေး အတွက်     ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊   နိုင်ငံ၏  လူမှုစီးပွားရေးဆိုင်ရာ   စီမံကိန်း များ ရေးဆွဲချမှတ်ဆောင်ရွက်ရာ တွင်   လိုအပ်သော   စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များ  ရရှိစေရေးအတွက်  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ  သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကိုလည်း     အကောင် အထည်ဖော်     ဆောင်ရွက်လျက် ရှိရာ ယခုကာလအတွင်း ကြိုတင် ပြင်ဆင်ခြင်း      လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

 


ယင်းလုပ်ငန်းများအပြင် e-ID ဌာနအနေဖြင့်             နိုင်ငံတော်၏ e-Government စနစ်အတွက် အခြေခံအကျဆုံးလုပ်ငန်းဖြစ်သည့် e-ID     စနစ်လုပ်ငန်းကိုလည်း ဆောင်ရွက်နေပြီ  ဖြစ်ပါကြောင်း၊  ယင်းလုပ်ငန်းစဉ်များကို   ဆောင် ရွက်ရာတွင် ယခုနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း အချို့ လုပ်ငန်းများအား ပြီးပြတ်အောင် မြင်အောင်  ဆောင်ရွက်ကြရမည် ဖြစ်ပြီး အချိန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို မပြီးပြတ်နိုင်သော် လည်း ရုပ်လုံးပေါ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် များနှင့်   နိုင်ငံတော်၏   စီမံချက် တစ်ခုအဖြစ်ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်ကို    သတ်မှတ် ကာလအတွင်း  မဖြစ်မနေ  ပြီးစီး အောင်မြင်အောင် ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ အနာဂတ် နိုင်ငံတော်အတွက်   အထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် မဲပေး ပိုင်ခွင့်ရှိသူအားလုံး   ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး  ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ကို      အကောင် အထည်ဖော်ခြင်း     ဖြစ်သည့် အလျှောက် မည်သို့ပင် အခက်အခဲ၊ အဟန့်အတားများ  ရှိစေကာမူ လျာထားချက်   ပြည့်မီပြီးစီးရေး အတွက်  လုပ်နိုင်သမျှသောနည်း လမ်းများဖြင့်  တွေးတောကြံဆ  ဆောင်ရွက်ကြရန်    လိုကြောင်း၊ သမားရိုးကျ ဆောင်ရွက်ခြင်းထက်  နယ်မြေဒေသအလိုက် အမြဲမပြတ် လေ့လာဆန်းစစ်ကာ ဒေသဆိုင်ရာ အာဏာပိုင်များ၊    ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့်    ပေါင်းစပ် ညှိနှိုင်း၍ လုပ်ငန်းတိုးတက်မှုရှိစေ ရေးအတွက် ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း။

 


ယခုကာလသည် ပန်းခင်းစီမံ ချက် လျာထားချက် ထက်ဝက်ခန့် ပြီးစီးနေရမည်   ဖြစ်သော်လည်း အချို့တိုင်းဒေသကြီး/ ပြည်နယ် ကိုးခုသည် အကြမ်းဖျင်းအားဖြင့် လျာထားချက် သတ်မှတ်ရာခိုင်နှုန်း အထိ ရောက်ရှိနေကြပြီး   ကျန် တိုင်းဒေသကြီး/   ပြည်နယ်များ သည်   လျာထားချက် သတ်မှတ်  ရာခိုင်နှုန်း    ပြည့်မီရေးအတွက်  လိုအပ်ချက်များရှိနေသေးသည်ကို တွေ့ရှိရကြောင်း၊ ဆောင်ရွက်ပြီးစီး  မှုများတွင်   ခိုင်ခိုင်မာမာ  ပြီးစီး ကြောင်းနှင့် စနစ်တကျဖြစ်စေရေး အတွက် အထောက်အထား ပြည့် ပြည့်စုံစုံ   မှတ်တမ်းတင်ထားရန် လိုကြောင်း၊    နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း သည် ပန်းခင်းစီမံချက် လျာထား ချက်ပြီးစီးသော်လည်း ရပ်တန့် ပြီးဆုံးသွားသည့် လုပ်ငန်းမဟုတ် သည့်အတွက်    စဉ်ဆက်မပြတ်  ဆောင်ရွက်ပေးရမည့်   လုပ်ငန်း  ဖြစ်သည်နှင့်အညီ အရှိန်အဟုန် မပျက် ကြိုးပမ်းဆောင်ရွက်ကြရန် နှင့် လုပ်ငန်းသဘောသဘာဝအား  မိမိတို့လက်အောက်ရှိ  ဝန်ထမ်း များအားလုံး သိရှိနားလည်စေရေး အတွက်လည်း        ရှင်းလင်းချပြ ဆောင်ရွက်ကြရန်     အရေးကြီး ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့ဌာနအတွက်၊   နိုင်ငံတော် အတွက် မဖြစ်မနေ ဆောင်ရွက်ရ မည့်လုပ်ငန်းသည်     ပန်းခင်းစီမံ ချက်ဖြစ်သည်ကို အသိစိတ်ဓာတ် အပြည့်ဖြင့် ယုံကြည်ချက်၊ ခံယူ ချက်ရှိရှိ အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖြင့်   အကျယ်တဝင့်   ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်