ဘယ်ဘက်အတက် အဆင်းတံခါးပေါက်ဖြင့် ပဲခူး-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်တင်မီနီဘတ်စ်ယာဉ်များ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဝင်ခွင့်မပြု

 

ရန်ကုန်  အောက်တိုဘာ  ၁၂


ဘယ်ဘက်အတက်  အဆင်းတံခါး ပေါက်ဖြင့် ပဲခူး - ရန်ကုန်ပြေးဆွဲ နေသည့်  ခရီးသည်တင်မီနီဘတ်စ် ယာဉ်များ    အောက်တိုဘာ   ၁၉ ရက်နေ့မှစတင်ကာ  ရန်ကုန်တိုင်း ဒေသကြီးသို့  ဝင်ခွင့်ပြုမည်မဟုတ် ကြောင်း ရန်ကုန်မြို့  တာမွေမြို့နယ်   ရန်ကုန်တိုင်းဒေသကြီး  ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC)ရုံးချုပ်၌ ပြုလုပ် သည့်       မီဒီယာရှင်းလင်းပွဲတွင် YRTC မှ      တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။


“ကျွန်တော်တို့  ၁၉၇၀ ပြည့် နှစ်  ဒီဇင်ဘာ ၆ ရက် မနက် ၆ နာရီ မှာစပြီးတော့    ကျွန်တော်တို့နိုင်ငံ မှာ  လက်ယာကပ်မောင်းစနစ်ကိုကျင့်သုံးခဲ့ပါတယ်။  လက်ယာကပ် မောင်းစနစ်က    ခရီးသည်တွေရဲ့ အတက်အဆင်း   တံခါးပေါက်က လက်ယာဘက်မှာရှိမှပဲ  ခရီးသည် တွေ   အတက်အဆင်း   အန္တရာယ် ကင်းစွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ပဲခူးကနေပြီးတော့ ရန်ကုန်ကိုဆွဲတဲ့    အဝေးပြေး မီနီဘတ်စ်ယာဉ်တွေ    အများစု မှာ  အတက်အဆင်းတံခါးပေါက် က     ဘယ်ဘက်မှာ   ရှိပါတယ်။ ဘယ်ဘက်မှာရှိတဲ့အတွက်ကြောင့် ခရီးသည်တွေ အတက်အဆင်းပြု တဲ့အခါမှာ   အန္တရာယ်ရှိပါတယ်။ ယာဉ်အန္တရာယ်     လမ်းအန္တရာယ် ကင်းရှင်းရေးအတွက်     မဖြစ်ဘဲ ယာဉ်အန္တရာယ်ကို ဖြစ်စေပါတယ်။ အဲဒါ့ကြောင့် ကျွန်တော်တို့ရန်ကုန် တိုင်းဒေသကြီး  ယာဉ်အန္တရာယ် လမ်းအန္တရာယ်      ကင်းရှင်းရေး ကောင်စီမှာတင်ပြပြီးတော့  ယာဉ် အန္တရာယ်        ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု  ဥပဒေ နဲ့အညီ  အဲဒီမီနီဘတ်စ်ယာဉ်တွေရဲ့ လက်ယာညာဘက်       အတက် အဆင်း  တံခါးပေါက်ကိုဖောက်ပြီး မှ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းကို     ဝင်ခွင့်ပြုဖို့ဆိုပြီး တင်ပြတဲ့အခါမှာ  ခွင့်ပြုခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့   ကညနကို ရော၊    ပဲခူးတိုင်း   လမ်းပန်းဆက် သွယ်ရေးကိုရော  အကြောင်းကြား ထားပြီးလည်းဖြစ်ပါတယ်”       ဟု တွဲဖက်အတွင်းရေးမှူး    ဦးလျန် ကျင့်မန်က ဆက်လက်ပြောသည်။ 


 အန္တရာယ်ကင်းစေရေး


အဆိုပါ ပဲခူး-ရန်ကုန်ပြေးဆွဲ နေသည့်    ခရီးသည်တင်   မီနီ ဘတ်စ်ယာဉ်များအနက်    အချို့ ယာဉ်များမှာ  ညာဘက်အတက် အဆင်း  တံခါးပေါက်များဖြစ်ပြီး ၎င်းယာဉ်များအား ရန်ကုန်တိုင်း ဒေသကြီးအတွင်း   ပုံမှန်ပြေးဆွဲ ခွင့်ပြုသော်လည်း   ဘယ်ဘက် အတက်အဆင်း  တံခါးပေါက်ဖြင့် ပြေးဆွဲနေသည့် ယာဉ်များအနေ ဖြင့်  ယာဉ်အန္တရာယ်၊    ခရီးသည် အန္တရာယ်ရှိသည့်အတွက်      ညာ ဘက်တွင်     အန္တရာယ်ကင်းစွာ အတက်အဆင်း      ပြုလုပ်နိုင်ရန် ဆောင်ရွက်ခြင်း  ဖြစ်ကြောင်းနှင့် လိုက်နာခြင်းမရှိက        ပဲခူးသို့ ပြန်လှည့်စေမည်     ဖြစ်ကြောင်း လည်း သိရသည်။


လမ်းနှစ်ကြောင်းသတ်မှတ်


ယင်းအပြင်  ပဲခူး - ရန်ကုန် ပြေးဆွဲသော  ခရီးသည်တင်ယာဉ် များအတွက်  ရန်ကုန်တိုင်းဒေသ ကြီးအတွင်း      လမ်းကြောင်း နှစ်ကြောင်း  သတ်မှတ်ပေးထားပြီး လမ်းကြောင်း(၁)သည်     ပဲခူး-ရန်ကုန်၊    ပြည်လမ်း၊     ခရေပင် လမ်း၊    ဒညင်းကုန်းဘူတာရုံလမ်း၊ ရွှေပြည်သာတံတား၊         ယင်းမှ ရွှေပြည်သာတံတားလမ်း၊ အနော် ရထာလမ်း၊ ယင်းမှ ရန်ကုန်-ပုသိမ် လမ်းအတိုင်း         ဒဂုံဧရာ  အဝေးပြေးဝင်းသို့ လည်းကောင်း၊ လမ်းကြောင်း (၂)  သည်   ပဲခူး-ရန်ကုန်လမ်းအတိုင်း      ထောက် ကြန့်၊ ယင်းမှ ပြည်လမ်း၊ ခရေပင် လမ်းဆုံ၊     ယင်းမှ  ခရေပင်လမ်း၊ ဒညင်းကုန်းလမ်းဆုံမှ   မင်္ဂလာဒုံ လမ်း၊   ယင်းမှ  ဘုရင့်နောင်လမ်း ပေါက်တောဝအထိ၊      ယင်းမှ အောင်ဇေယျတံတားမှ  တစ်ဆင့် ရန်ကုန်   -   ညောင်တုန်းလမ်း အတိုင်း      ဒဂုံဧရာအဝေးပြေး ဝင်းသို့လည်းကောင်း   ပြေးဆွဲရ မည်ဖြစ်ကြောင်း သိရသည်။ 


အာကာလင်း