ဘဝဂ်သို့ညံ မိုးသို့ယံ ပြည်သူတို့ရဲ့အသံ

Type

 

တိုင်းရင်းသားပြည်သူတစ်ဦး

ယနေ့ကာလတွင် မျိုးချစ်မြန်မာပြည်သူတစ်ရပ်လုံး မချိတင်ကဲ ဝမ်းနည်းမဆုံး ဖြစ်နေကြရသည်။
 မိသားစုအချင်းချင်းအငြင်းပွား၊   ညီအစ်ကို အချင်းချင်းရန်လို၊ ဘာကြောင့် စစ်ခင်းတဲ့အခြေ အနေအထိ ရောက်ရသလဲ။  မခေါ်ဖြစ်၊ မပြောဖြစ်ကြတဲ့ အခြေအနေမှာ ရန် / ငါသာ ပြတ်ရတော့မယ်၊  ဖားနဲ့ ငါးခွဲရတော့မယ်။ တွေ့ဆုံဆွေးနွေးရေး ခဏဘေးချိတ်။ မလိုက်ချင်သူကို ထားခဲ့ရမယ်၊    တားဆီးသူကို ကျော်ဖြတ်ရမယ်၊   ပိတ်နေသူကို  ဖောက်ထွက်၊  ဖျက်နေသူကို ချေမှုန်းရမယ့် အခြေအနေ။ 
ငါနှင့်မတူ ငါ့ရန်သူဟု အစွန်းရောက်သူတွေရဲ့ အမျိုးဘာသာသာသနာကို   စော်ကားတာတော့ လွန်လွန်းသွားပြီ။ တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက် ပြာပုံဘဝရောက်ပြီး တိုင်းပြည်ပျက်သုဉ်းအောင် လုပ်နေတဲ့  အဖျက်သမားအားလုံးကို အပြီးတိုင် ချေမှုန်းရတော့မယ်။  မျိုးချစ်ပြည်သူတို့ရဲ့  အားမလို အားမရအသံတွေ ဘဝဂ်ညံနေပြီ။ 
တိုင်းပြည်ပြိုကွဲမှာ၊  ဘာသာသာသနာ ညှိုးနွမ်း အောင် လုပ်နေတာကို  စိတ်ပူကြ၊   စိုးရိမ်နေကြပြီ။ ခေါင်းဆောင်အားလုံးနဲ့ တပ်မတော်ကို ယုံကြည်ဆဲ၊ အားကိုးဆဲမှာ အမြင့်ဆုံးထိဆွဲတင်ရမှာက ညီညွတ် မှုနဲ့အတူ စစ်သွေးစစ်မာန်နဲ့ ဇာတိသွေး ဇာတိမာန်။ ဒီအချိန်မှာ    ဟင်္သာကိုးသောင်းဇာတ်ခင်းနေတဲ့ မျိုးဖျက်မိစ္ဆာအားလုံးကို အပြီးတိုင် ချေမှုန်းသုတ်သင် ပြီး မြန်မာ့မြေပေါ်မှ  အပြီးပျောက်ကွယ်သွားစေရမယ် ဆိုတဲ့ ကတိကဝတ်ကလွဲလို့ အခြားမလိုချင်ကြတော့။
ကျေးဇူးတရားမသိသူတွေ
ဒီအဖျက်သမားတွေဟာ ကျေးဇူးတရားမသိသူ တွေပါ။  ရန်သူမျိုးငါးပါး ကြုံစဉ်အခါတိုင်း တပ်မတော် ဟာ ပြည်သူတွေ၊ ဝန်ထမ်းတွေနဲ့လက်တွဲပြီး ကူညီ ခဲ့ကြတယ်၊  မိုခါအပါအဝင်  ရေဘေး၊   လေဘေး အန္တရာယ်တိုင်းမှာ      ပါဝင်ကူညီခဲ့ကြတာချည်း။ ပြန်လည်ထူထောင်ရေးအတွက် ကူညီခဲ့တဲ့ ငွေကြေး ဓနဥစ္စာကယ်ဆယ်ရေးပစ္စည်း၊ အစွန်အဖျားမကျန် ဘယ်လောက်ဝေးဝေးဆေးကုဖို့ ရောက်ခဲ့ကြတယ်၊ ဘယ်လောက်ဝေးဝေး တိုင်းတစ်ပါး အာဆာကျူးကျော် မှုမှာလည်း အသက်ပေးတိုက်ခဲ့ကြရတယ်။  တကယ် ကို မိုက်ရိုင်းစုတ်ပြတ်လွန်းတဲ့၊ ကျေးဇူးမသိ ကျေးဇူး ဖောက်ဖျက်သူတွေပါ။  ဒီလိုလူတွေကို လူ့ယဉ်ကျေး စားပွဲဝိုင်းဆီဖိတ်ခေါ်၊   ငြိမ်းချမ်းရေးအတွက် အချိန် ပေးနေတာကိုက အခုအချိန်မှာ လွန်သွားပါပြီ။ 
တပ်မတော်နဲ့ နိုင်ငံ့ဝန်ထမ်းတွေက တိုင်းရင်း သားတွေအတွက် အရိပ်ပေး၊ သူတို့က မျောက်တွေလို အနှောင့်အယှက်ပေးနေကြတယ်။ စိုက်ကြမွေးကြ၊ လမ်းဖောက်  တံတားဆောက်၊ ပျက်သွားတဲ့ အရာ မှန်သမျှ ပြင်ပေးခဲ့ကြတယ်၊ တိုင်းရင်းသားအားလုံး အတွက် အချိန်ပြည့်ပေးဆပ်နေချိန်မှာ ဒီလူတစ်စု၊ တစ်ဖွဲ့က  ဘိန်းစိုက်၊  မူးယစ်ဆေးထုတ် လောင်းကစား နဲ့ စီးပွားဖြစ်၊ တရားမဝင်ပစ္စည်းမှန်သမျှ သယ်ဖြန့်၊ ဘာဒီမိုကရေစီ    ဘာဖက်ဒရယ်မှလည်းမဟုတ်၊ စစ်ဘုရင်ဆန်ဆန် ဘိန်းစားသာသာ   နယ်မြေလု၊ ကိုယ့်တိုင်းရင်းသားအချင်းချင်း  သတ်ကြဖြတ်ကြ၊ ပြန်ပေးဆွဲငွေညှစ်၊ နိုင်ငံ့ဝန်ထမ်းတွေ အဖမ်းခံရ၊ ပညာသင်ဥယျာဉ်မှူး ဆရာ ဆရာမတွေ အသတ်ခံရ၊ တိုက်ပွဲဖြစ်ပြီး လူမရှိတော့တဲ့အိမ်တွေ၊ အဆောက် အအုံတွေက သူခိုးကြမ်းပိုးလို  သူများဥစ္စာပစ္စည်း အကုန်သိမ်း ခိုးကြဝှက်ကြ၊ ဖြစ်ချင်တိုင်းဖြစ်နေကြတာ။ ဗုဒ္ဓဘာသာကိုစော်ကား၊  မြန်မာငွေမကိုင်ရ၊ နိုင်ငံတော် အလံ ခြေနင်းရိုက်ချိုး၊     မြန်မာအလံမထောင်ရ၊  မြန်မာစာမသင်ရ စတဲ့    မုန်းတီးရေးဝါဒဖြန့်တဲ့ ဘိန်းစား အဆင့်တွေပါ။
 သာသနိကဘုရားစေတီ၊   ဘုန်းကြီးကျောင်း မီးရှို့ဗုံးခွဲဖျက်ဆီး၊    ဘုန်းကြီးသံဃာတွေသတ်၊  ငါနဲ့မတူသူ   ငါ့ရန်သူအကုန်သတ်  လူသတ်ဝါဒီ၊ ဖက်ဆစ်စစ်သွေးကြွ     အကြမ်းဖက်လုံးလုံးပါပဲ။ ဒါတွေအားလုံး ကမ္ဘာပေါ်က လက်နက်ကိုင်သူပုန် အားလုံးထက်   ဆိုးရွားလွန်းတဲ့    ပြည်တွင်းက လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့  လုပ်ရပ်ပါ။ ပညာမဲ့မျက်ကန်းတစ္ဆေဆိုတာ  ဒီလိုလူတွေပါပဲ။ တိရစ္ဆာန်သာသာ ဒီလိုလူတွေဟာ   ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ ရှိသင့်ပါသလား၊ သန့်စင်တဲ့ ကမ္ဘာမြေအပေါ်မှာရော ရပ်တည်ခွင့်ပေးသင့်ပါသလား၊ ချေမှုန်းရပါမယ်၊ သုတ်သင်ရပါမယ်။
အမှိုက်မှန်သမျှ ဖယ်ထုတ်ပစ်ရမယ့်သဘော
တိုက်ပွဲနယ်မြေက ပြည်သူလူထုနဲ့ တိုင်းရင်းသား တွေဟာ အင်မတန်ဒုက္ခရောက်ရပါတယ်။ ချမ်းအေး တဲ့ရာသီမှာ အိုးပစ်အိမ်ပစ်၊ စစ်ရှောင်ဘဝရောက်ကြရ၊ အာဟာရချို့တဲ့ကြရတယ်၊ ရောဂါဘယတွေ ထူပြော ရတယ်။ စီးပွားပျက်ရတယ်၊ အင်တာနက်လိုင်းတွေ ဖုန်းလိုင်းတွေပြတ်တောက်၊    ကူရာမဲ့ကယ်ရာမဲ့၊ လျှပ်စစ်မီးပြတ်တော့ ဘာမှလုပ်မရတော့၊ အရေပြား တစ်ထောက် မျက်စိတစ်ဆုံး စူးနေတဲ့ဆူး၊ ဝင်နေ တဲ့ အမှိုက်မှန်သမျှ ဖယ်ထုတ်ပစ်ရမယ့်သဘောပါပဲ။ 
ဆူးမထုတ်ရင် ပြည်တည်နာဖြစ်မယ်၊ အမှိုက်ကို ဒီအတိုင်းထားရင် နံမယ်၊ ဟောင်မယ် ပုပ်ပွမယ်၊ ကိုယ့်အတွက်ပဲမဟုတ်၊   ပတ်ဝန်းကျင်အတွက်ပါ ကြည့်ရမယ်၊ ဘာသိဘာသာ နေရမယ့်အချိန်မဟုတ်၊ ကိုယ့်မိသားစု၊  ကိုယ့်အမျိုး၊ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့် နိုင်ငံအတွက် ပေးဆပ်ကြရမယ့်အချိန်၊ တစ်ထောင့် တစ်နေရာက အားလုံးလက်တွဲပါဝင်ရမယ့် အချိန်ပါ။ နိုင်ငံရဲ့တန်ဖိုး၊ ဒီနိုင်ငံမှာ နေထိုင်တဲ့ လူသားတွေ ရဲ့တန်ဖိုးကို ပြန်လည်မြှင့်တင်ရမယ့်အချိန်... အားလုံး မှာတာဝန်ရှိနေတယ်လို့ ခံယူခြင်းကသာ ဖြစ်သင့် ဖြစ်ထိုက် အဖြစ်သင့်ဆုံး ခံယူချက်ဖြစ်ပါတယ်။
ပြည်တွင်းအားညီရင်   ဘယ်ပြည်ပဖိအားမှ မှုစရာမလို၊ ညီညွတ်မှုကို ရန်သူတိုင်းက ကြောက်ပါ တယ်၊ မညီညွတ်လို့ ယခုအခြေအနေရောက်နေတာ၊ နိုင်ငံအရေးဟာ တပ်မတော်အရေးဖြစ်တဲ့အတွက် ပြည်သူအနေနဲ့တော့ တပ်မတော်ဘက်က တစ်သွေး တည်း တစ်သားတည်းရပ်တည်ပြီးဖြစ်တယ်၊ ဘိုးဘွား အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ကြတဲ့ ဒီမြေ၊ ဒီရေ၊  ဒီလေ နယ်နိမိတ်ကို ဘယ်နည်းနဲ့မှ ပြိုကွဲမခံနိုင် ဘူးဆိုတာ မျိုးချစ်စိတ်ကြောင့်ပါ။ မြန်မာ့တပ်မတော် ရဲ့အစဉ်အလာကို တပ်မတော်နဲ့ပြည်သူ လက်တွဲပြီး ထူထောင်ကြမယ်။ နိုင်ငံရဲ့အင်အားဟာ တပ်မတော်၊ တပ်မတော်ရဲ့အင်အားဟာ   ပြည်သူပဲဖြစ်တယ်၊ အားလုံးပါဝင်ပတ်သက်နေတာ    ဖြစ်တဲ့အတွက် ယခုလို ဘေးအန္တရာယ်ကျရောက်ချိန်မှာ အင်အား တွေကို စုစည်းနိုးထကြရမယ်။ 
အနိုင်အရှုံးကို တံဆိပ်ကပ်မယ့်သူက သူရဲကောင်းတွေသာဖြစ်
အသစ်နဲ့အဟောင်း၊  အထက်နဲ့အောက်၊  အတွင်း နဲ့အပြင် အားဖြစ်စေမယ့်အရာမှန်သမျှ ရဲဘော်ရဲဘက် စိတ်နဲ့ ပြန်လည်စုစည်းသင့်ကြတယ်၊ ပြင်ပမိတ်ဆွေ စစ်တွေရဲ့အားကို ယူရမယ်။   ဝေဖန်၊   စောင်းချိတ်၊  အပြစ်တင်၊  ထိုးချနေလို့မပြီး၊ အားမာန်ပါတဲ့  ရဲရဲ တောက် မိန့်ခွန်းများအောက်မှာ စစ်ပြင်၊  စစ်ထွက်၊  စစ်တိုက်ကြရမယ်။ ရန်သူက ရန်သူအလုပ် ပီပီပြင်ပြင် လုပ်နေတဲ့အခြေအနေမှာ မိမိတို့တပ်မတော်ကလည်း စစ်သားက စစ်သားအလုပ် အကောင်းဆုံးလုပ်ဖို့သာ။  သားကောင်းရတနာတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော် သမိုင်း ဘယ်တော့မှ   မရိုင်းဘူးဆိုတာ  ပြရမှာပါ။  နောက်ဆုံးမှာ အနိုင်အရှုံးကို တံဆိပ်ကပ်မယ့်သူက သူရဲကောင်းတွေသာ ဖြစ်ပါလိမ့်မယ်။
လက်သည်းဆိတ်တော့ လက်ထိပ်နာဆိုသလို စုံလုံးမကန်းတဲ့ပြည်သူက   တပ်မတော်ကြီးကိုသာ အနိုင်ရစေချင်တယ်၊ ပြည်သူတွေက တပ်မတော်ကိုသာ အင်မတန်အားကိုးကြပါတယ်။ ရှမ်းမြောက်ဒေသက ရွာတွေ၊ မြို့တွေက တိုင်းရင်းသားတွေဟာ မြန်မာ့ တပ်မတော်ကို မျှော်ကြတယ်၊  တကယ့်စစ်သား ကောင်းကို ကယ်တင်ရှင်သဖွယ် သဘောထားကြ တယ်၊ မြန်မာ့မြေမှာ မြန်မာအလံစိုက်တာပဲ မြင်ချင် ကြတယ်၊ တပ်မတော်ကိုချစ်လို့ ယုံကြည်လို့ သူတို့ သိသမျှ သတင်းပေးကြတယ်။
 ဘယ်သူကအဖျက်၊ ဘယ်သူကအပြုလဲ စစ်ဖြစ်ရာ ဒေသခံပြည်သူက အသိဆုံး၊ စစ်ရဲ့ဆိုးကျိုးဒုက္ခကို အသိဆုံးဖြစ်တဲ့ တိုင်းရင်းသားတွေဟာ ရန်သူမိတ်ဆွေ ခွဲခြားသိပြီးသားပါ။ မိမိတို့သားသမီးတွေ လူသစ် စုဆောင်းခံရပြီး လက်နက်ကိုင်အဖွဲ့ထဲ အတင်းအဓမ္မ ဆွဲသွင်းခံရတဲ့   အဓမ္မမှုတွေကို တိုင်းရင်းသားတွေ စက်ဆုပ်ရွံရှာနေကြပါပြီ၊ သူပုန်ဆီ ဆက်ကြေးပေး ရတဲ့အပြင် ကိုယ့်သားသမီးတွေ   ပညာမသင်ရ၊  ဘိန်းစားဘဝရောက်ရတဲ့အဖြစ်ကိုလည်း အော့နှလုံး နာနေကြပြီဖြစ်တဲ့ ပြည်သူတွေ.. .ဒီအချိန်မှာ ဘာလုပ် မလဲ။ 
 မိမိကိုယ်မိမိလည်း     ကယ်တင်ရှင်အဖြစ် သဘောထားရမယ်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့က မိမိနဲ့မိမိမိသားစု၊ ကိုယ့်ရပ်ကိုယ့်ရွာ    ကိုယ့်ဒေသ ကိုယ်ကိုယ်တိုင်ကာကွယ်ကြဖို့ပါပဲ။   ဒီနေရာမှာ ပြည်သူ့စစ်မဟုတ်တဲ့   ပြည်သူ့လုံခြုံရေးစနစ်ကို ကောင်းကောင်း သဘောပေါက်ပြီး ကိုယ့်ရပ်ရွာဒေသနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့   အနည်းဆုံးတော့ လက်နက်ငယ်တော့ ပစ်တတ်အောင်သင်၊ ကြိုတင် ပြင်ဆင်လေ့ကျင့်ထားကြဖို့လိုတယ်လို့ နားလည် ထားပါတယ်။ ဒါမှသာ တိုင်းတပါးလူမျိုးခြားက ကျူးကျော်လာရင် ကိုယ့်ဒေသကိုယ်   ကာကွယ် စောင့်ရှောက်ရင်း အမိမြေနဲ့အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သွားနိုင်မှာဖြစ်တယ်လို့ ခံယူ ထားပါတယ်။ ဒီလိုနည်းနဲ့ ပြည်သူ့လုံခြုံရေးစနစ်မှာ နိုင်ငံချစ်တဲ့ပြည်သူတွေ ပူးပေါင်းပါဝင်ကြမှာ ဖြစ်ပါ တယ်။
ဘယ်အဖျက်သမားမဆို အဆုံးသတ်မကောင်း
မြန်မာပြည်ကို       နှောင့်ယှက်ဖျက်ဆီးတဲ့ ဘယ်အဖျက်သမားမဆို အဆုံးသတ်မကောင်းပါဘူး၊ သမိုင်းသက်သေ ထင်ရှားရှိပါတယ်။ သူတို့အတွက် ဆိုတာ အချိန်ကာလ   အကန့်အသတ်နဲ့ဖြစ်သလို ဗုဒ္ဓသာသနာထွန်းကားရာ မြန်မာ့မြေမှာ မကောင်း တဲ့ရန်သူမိစ္ဆာတွေအတွက် သူတော်ကောင်း အစောင့် အရှောက်ကို ရနိုင်ဖွယ်မရှိပါဘူး။  တပ်မတော်က တော့ နိုင်ငံနဲ့လူမျိုးအတွက် စစ်ကိုနိုင်အောင်တိုက်မယ်၊ ဆုံးရှုံးခဲ့တဲ့နယ်မြေတွေ ရအောင်ပြန်ယူမယ်၊ ပေးဆပ် မှုပြီးရင် ရယူမှုအလှည့်ဟာ တပ်မတော်အတွက်ပဲ ဖြစ်မယ်။ ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆို ချင်တာက မာန်တက်နေတဲ့ရန်သူ၊ မြန်မာတပ်မတော် နဲ့ မြန်မာလူမျိုးကို စော်ကားတဲ့ရန်သူကို ခေါင်းမထောင် နိုင်အောင် ချိုးနှိမ်ပေးဖို့၊ နာလန်မထူအောင် လုပ်ပေး ဖို့ပါပဲ။ 
မြန်မာ့တပ်မတော်ရဲ့ တိုက်စွမ်းရည်ကို လက်တွေ့ ဖော်ထုတ်ပြရပါမယ်။ မှန်ကန်သောစစ်၊   တရားသော စစ်အတွက် စိတ်ဓာတ်ကောင်းတဲ့ စစ်သားဟောင်းတွေ အသင့်၊ မျိုးချစ်လူငယ်တွေအသင့်ပါ၊   နိုင်ငံချစ်တဲ့ ပါတီတွေ၊ သာသနာကိုကာကွယ်မယ့် ဘုရားသားတော် သံဃာတွေ အားလုံးအသင့်ပါ။ တိုက်ပွဲပြီးမှအနားရမယ်၊ စစ်ပွဲတွေပြီးမှ ငြိမ်းချမ်းမယ်၊ ဖွံ့ဖြိုးဖို့က   အဖျက် အမှောင့်မရှိမှသာ၊ မြန်မြန်အေးချမ်းဖို့က စစ်ပွဲတွေ ပြီးမှသာ ဖြစ်နိုင်မယ်၊ ဒါကြောင့် အထူးသဖြင့် တိုင်းရင်း သားများ... သူတို့က မြန်မြန်ငြိမ်းချမ်းချင်နေကြပါပြီ၊ ရန်သူကိုအမြစ်ဖြတ်ဖို့ မီးကုန်ယမ်းကုန်တိုက်ပေးဖို့နဲ့ အမြစ်ဖြတ်မယ်ဆိုရင် အရင်းအမြစ်အားလုံးပုံအောသုံးပေးဖို့၊      ပြည်တွင်းစစ်ကြီးပြီးဆုံးဖို့အတွက် တပ်မတော်ဆီက ပြည်သူတွေတောင်းချင်တဲ့ နှစ်သစ် လက်ဆောင်က ဒီတစ်ခုပါပဲ။ဒီအသံတွေဟာ ရိုးသားဖြောင့်မတ် အမှန်တရား လိုလားတဲ့ ပြည်သူစစ်စစ်တွေရဲ့အသံပါ။   နိုင်ငံ အချုပ်အခြာနဲ့ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက် လိုတဲ့ နိုင်ငံချစ်သူတွေရဲ့အသံပါ။  တိုင်းရင်းသား အချင်းချင်း  စည်းစည်းလုံးလုံးရှိစေချင်တဲ့ မျိုးချစ် တိုင်းရင်းသားတွေရဲ့        အသံလည်းဖြစ်ပါတယ်၊၊ ကြားရတဲ့အသံတွေကတော့ အားရစရာ၊ နေရာစုံ၊ နယ်ပယ်စုံက  ရဟန်းရှင်လူပြည်သူအပေါင်းတို့ရဲ့ အမျိုးဘာသာသာသနာအတွက်   တပ်မတော်နဲ့ လက်တွဲပြီး တိုက်ပွဲဝင်မယ့်ဆန္ဒပြုသံတွေ၊ ပေါ်ထွက် လာတဲ့ ထိုအသံတွေဟာ ယခုလိုအရေးကြီးကာလမျိုး မှာ ပေါက်ကွဲပြလာတဲ့အတွက် အလွန်ပဲအားရစရာ ကောင်းလှတဲ့အပြင် အလေးအနက်လည်း  ထားရ ပါမယ်။ 
စစ်ကိုမုန်းလို့ စစ်တိုက်ကြရပါဦးမယ်၊ ငြိမ်းချမ်း ရေးကို လိုချင်လို့ မတိုက်ချင်ပေမယ့် တိုက်ကြရဦးမယ်၊ မြန်မာတို့ရဲ့ဇာတိသွေး   ရဲရဲနီကြောင်းပြဖို့လိုပါပြီ။ မျိုးချစ်တိုင်းရင်းသားတွေရဲ့ ထက်သန်တဲ့ ဇာတိမာန် ပြဖို့ အချိန်တန်ပါပြီ၊ ပြည်သူ့အကျိုးလိုလားတဲ့ နိုင်ငံရေးပါတီတွေ ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ကြပါ၊ တစ်သက်မှာ တစ်ခါပဲသေတာဆိုတဲ့ သူရဲကောင်းတွေရဲ့   နှလုံးသားများ သမိုင်းမှာရှိပြီး ယခုလည်း မျက်ဝါးထင်ထင်တွေ့နေရပါပြီ။ ဒါကြောင့် တိုင်းပြည်အတွက်  အသက်ပေး ဘဝခင်းသွားတဲ့ အရာရှိစစ်သည်တွေအပေါ် သစ္စာရှိရှိနဲ့   လေးစား ဂုဏ်ယူလျက်ရှိစမြဲပါ။ ဘယ်တော့မှ ဦးမညွတ်သူ တွေအတွက် ဒါဟာ သမိုင်းပေးတာဝန်တစ်ခုလည်း ဖြစ်ပါတယ်။ 
သို့ပေမယ့် ယခုအချိန်မှာ   အရေးကြီးတွေထဲက အရေးကြီးဆုံးတွေရှိနေတယ်ဆိုတာ သတိပြုဖို့ပါပဲ။ အမျိုးဘာသာသာသနာနဲ့        နိုင်ငံသားတွေကို စောင့်ရှောက်ပြီး ကမ္ဘာတည်သရွေ့ မြန်မာတည်ဖို့က ယခုလိုအချိန်မှာ      အချင်းချင်းညီညွတ်ကြဖို့၊ အချင်းချင်းယုံကြည်ကြဖို့၊ ဘယ်တော့မှ သွေးမကွဲ ကြဖို့က အောင်မြင်မှုအားလုံးရဲ့ အရင်းခံပဲ  မဟုတ် ပါလား။       ။