ဘူးသီးတောင်မြို့နယ်၌ နွေစပါးအထွက်နှုန်း တိကျမှန်ကန်ရေးအတွက် စံကွက်ရိတ်သိမ်း၊ တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ

 

ဘူးသီးတောင်    မေ    ၁၈


ရခိုင်ပြည်နယ် မောင်တောခရိုင်  ဘူးသီးတောင်မြို့နယ်   လက်ဝဲ ဒက်ပြင်ရှည်     ကျေးရွာအုပ်စု၌ နွေစပါးအထွက်နှုန်း တိကျမှန်ကန် ရေးအတွက် စံကွက်ရိတ်သိမ်းနေ မှုကို ယနေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့        ဥက္ကဋ္ဌ ဦးကျန်အေး နှင့် တာဝန်ရှိသူများက   သွားရောက်ကြည့်ရှု   အားပေးခဲ့ ကြောင်း  သိရသည်။

 


အဆိုပါ  လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု       ကွင်းအမှတ် (၂၇ဝ D)     ရှိ   အကျိုးဆောင် တောင်သူ      ဦးမီရာမောက်နှင့် တောင်သူ သုံးဦး၏ လယ်မြေတွင် ရက် ၉၀ စပါးမျိုးဖြင့် တောင်သူ ပညာပေး      နွေစပါးစံပြကွက် ငါးဧကတွင်  ကိုယ်စားပြုစံကွက် များ   ရိတ်သိမ်းခဲ့ရာ   တစ်ဧက ပျမ်းမျှ   အစိုအထွက်နှုန်း     ၁၀၁ ဒသမ ၅၃  တင်းနှင့်  အစိုဓာတ် (၁၄ ရာခိုင်နှုန်း) အခြောက်အထွက် တင်း   ၉၀  ဒသမ  ၉၉ တင်းနှုန်း ထွက်ရှိကြောင်း      တောင်သူ ဦးမီရာမောက်က ပြောသည်။

 


 ဘူးသီးတောင်မြို့နယ်အတွင်း  ၂၀၂၁- ၂၀၂၂    ခုနှစ်   နွေစပါး လျာထားချက်  ဧက   ၈၀   ရှိပြီး အမှန်စိုက်ပျိုးနိုင်သည့်     ဧကမှာ ၈၇    ဧကရှိကြောင်း   တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၈၆ ဒသမ  ၈၅    တင်းနှုန်း   ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး       ဦးစီးမှူး ဦးမောင်မောင်ညီ ထံမှ သိရသည်။


မြို့နယ်( ပြန်/ဆက်)