ဘူးသီးတောင်မြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် သတိပြုရှောင်ရှားနိုင်ရန် အသိပညာပေး

 

ဘူးသီးတောင် မေ ၁၀


ရခိုင်ပြည်နယ်   ဘူးသီးတောင်မြို့၌    မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊   မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်  ကလေး စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးတို့  ပူးပေါင်းပြီး  မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နှင့်လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက ဘူးသီးတောင်မြို့အနောက်ကွင်းစျေး နှင့်  လူစည်ကားရာလမ်းဆုံများ၊   ကကျက်ဘက် (ကံပြင်)ကျေးရွာစျေး၊ လူစည်ကားရာနေရာများ တွင် ပြုလုပ်ခဲ့သည်။

 


အဆိုပါ    အသိပညာပေးဟောပြောရာတွင် လက်ကမ်းစာစောင်တွင်ပါဝင်သည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ   ထုတ်ပြန်သည့် ဘင်္ဂလားပင်လယ်အော်အခြေအနေ၊ မုန်တိုင်းဘေး အန္တရာယ်   ကြိုတင်ကာကွယ်နိုင်ရေးနှင့်   ထိခိုက် ပျက်စီးမှု လျော့နည်းစေရေး၊ မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရမည့်အချက်များ   စသည့် အကြောင်းအရာများကို   အသိပညာပေးပြောကြား ပြီး မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင် များကို  အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ စေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။           

လှကျော်(ပြန်/ဆက်)