
နေပြည်တော် ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် ငကျည်တောက်ကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များနှင့် ဒေသခံ ပြည်သူများကို ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာစာသင်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က သံဃာ တော်များ၊ သာသနာ့နွယ်ဝင် သီလ ရှင်များနှင့် ဒေသခံပြည်သူ ၄၅၅ ဦးကို မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍ လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးပြီး ECG နှင့် အာရ်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှု များကို နယ်မြေခံတပ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်