ဘူးသီးတောင်မြို့နယ်၌ အသက် (၁၈) နှစ်အထက် ဒေသခံများအား ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

 

ဘူးသီးတောင် စက်တင်ဘာ ၂၆


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ၌  မြို့နယ်ကိုဗစ်-၁၉   ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏     ကြီးကြပ်မှု ဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများသည်  စက်တင်ဘာ ၂၄ ရက်က   ဘူးသီးတောင်မြို့ အလက(၃)စာသင်ကျောင်း၌  စုရပ် ထားရှိကာ အသက်(၁၈)နှစ် အထက် ဒေသခံ ၈၀၀ တို့အား ပထမအကြိမ် (ဒုတိယအသုတ်)    ကိုဗစ်- ၁၉  ကာကွယ်ဆေးများ    ထိုးနှံပေး လျက်ရှိကြောင်း  သိရသည်။


အဆိုပါ   ကာကွယ်ဆေးထိုး မည့်သူများအား စာရင်းပြုစုခြင်း၊ သွေးပေါင်ချိန်   တိုင်းတာခြင်းတို့ ပြုလုပ်ကာ  ကိုဗစ်-၁၉    ရောဂါ ကာကွယ်ဆေး    ထိုးနှံပေးလျက် ရှိကြောင်း  သိရသည်။


ထိုသို့  ကာကွယ်ဆေးထိုးနှံ နေမှုများကို ကျန်းမာရေးဝန်ထမ်း များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန        ဝန်ထမ်းများ၊ သက်ဆိုင်ရာ   ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ ဝင်များပူးပေါင်း၍    ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ    စနစ်တကျ   ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း      သိရသည်။


ဘူးသီးတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ကို ထိုးနှံပေးလျက်ရှိရာ အသက် (၁၈)နှစ် အထက် ဒေသခံများအား ပထမအကြိမ် (ဒုတိယအသုတ်)   အနေဖြင့် စက်တင်ဘာ ၂၃ရက်ထိ ပြည်သူ ၄၇၃၅ ဦးကို   ထိုးနှံပေး ခဲ့ကြောင်း သိရသည်။ 


လှကျော် (ပြန်/ဆက်)